Connect with us

Media

တရုတ်နှင့် ဗီယက်နမ် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် သဘောတူ

ဟနွိုင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ပုံမှန်နှင့် ပုံမှန်မဟုတ်သော လုံခြုံရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် ဒီဇင်ဘာ ၁၃ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုနှင့် ဆက်သွယ်ရေးကွန်ရက်လိမ်လည်မှု တိုက်ဖျက်ရေး၊ ပြည်ဝင်/ပြည်ထွက် ထိန်းချုပ်မှု၊ လူဝင်မှုကြီးကြပ်ရေး၊ တရားမဝင် ပြည်ဝင်/ပြည်ထွက်မှုနှင့် တရားခံပြေးများ ဖမ်းဆီးခြင်း စသည်တို့၌ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ်အတွင်း ထုတ်ပြန်ခဲ့သော ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် နှစ်နိုင်ငံတို့သည် အသိဉာဏ်ရည်ဆိုင်ရာ ကူးလူးဖလှယ်ခြင်းများ၊ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများနှင့် ခွဲထွက်မှုများ တိုက်ဖျက်ရာ၌ အတွေ့အကြုံမျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း အားကောင်းလာမည်ဖြစ်ကြောင်း၊ ဘာသာရေးနှင့် ပြည်ပ NGO စီမံခန့်ခွဲမှုဥပဒေများ ချိုးဖောက်မှု တိုက်ဖျက်ရေး၌ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်လည်း သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China, Vietnam to strengthen security cooperation
HANOI, Dec. 13 (Xinhua) — China and Vietnam on Wednesday agreed to strengthen cooperation in traditional and non-traditional security fields.
Both sides will enhance cooperation in fighting terrorism and telecom network fraud, as well as in entry and exit control, immigration, illegal entry and exit, and hunt for fugitives, according to a joint statement issued here during the state visit to Vietnam by Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president.
The two countries will also strengthen intelligence exchanges as well as experience sharing and cooperation in fighting external interventions and secessions. Both sides also agree to strengthen cooperation in combating violations of religious and foreign NGO management laws, said the statement.
Photo: Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, meets with Vietnamese Prime Minister Pham Minh Chinh in Hanoi, capital of Vietnam, Dec. 13, 2023. (Xinhua/Pang Xinglei)