Connect with us

Media

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကမ္ဘာ့အမြင့်ဆုံးတံတားကြီး ၂၀၂၅ ခုနှစ်တွင် ပြီးစီးမည်

ကွေ့ယန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် တည်ရှိ၍ နက်ရှိုင်းသောချိုင့်ဝှမ်းကို ဖြတ်ကျော်တည်ဆောက်ထားပြီး လက်ရှိတည်ဆောက်နေဆဲဖြစ်ကာ ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည့် Huajiang တံတားကြီးသည် ၂၀၂၅ ခုနှစ် ဇွန်လ၌ ပြီးစီးရန် ရည်မှန်းထားကြောင်း ဒီဇင်ဘာ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ကွေ့ကျိုးပြည်နယ်ရှိ အလွန်နက်ရှိုင်းသော ချိုင့်ဝှမ်းကြီးပေါ် ဖြတ်ကျော်၍ အချိန် ၂ နှစ်နီးပါးကြာ တည်ဆောက်ခဲ့ပြီးနောက် တည်ဆောက်ရေးလုပ်ငန်း ထက်ဝက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ အရှည် ၂,၈၉၀ မီတာရှိသော သံမဏိရက်မကြိုးဆိုင်းတံတားသည် ကွေ့ကျိုးပြည်နယ်ရှိ အဝေးပြေးလမ်းမ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည်ဖြစ်သည်။
အဆိုပါ တံတားသည် ချိုင့်ဝှမ်းအားဖြတ်ကျော်ရန် ကြာမြင့်ချိန်ကို မိနစ် ၇၀ ခန့်မှ တစ်မိနစ်ခန့်အထိ သိသိသာသာ လျှော့ချပေးမည်ဖြစ်သည်။

တံတားကြီးအား ရှုခင်းကြည့်ရှုခြင်းနှင့် အပန်းဖြေအစီအစဉ်များအတွက်လည်း ရည်ရွယ်ထားခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

တောင်တန်းများနှင့် ချိုင့်ဝှမ်းများကြား တည်ရှိသော ကွေ့ကျိုးပြည်နယ်တွင် ကမ္ဘာ့အမြင့်ဆုံး တံတား အစင်းရေ ၁၀၀ ၏ ထက်ဝက်နီးပါး တည်ရှိသည်။ ကွေ့ကျိုးပြည်နယ်နှင့် ယူနန်ပြည်နယ် နယ်စပ်ရှိ Beipanjiang တံတားသည် လက်ရှိတွင် ကမ္ဘာ့အမြင့်ဆုံး တံတားဖြစ်ကာ တောင်ကြားအထက် ၅၆၅ မီတာခန့်၌ တည်ရှိပြီး ယင်းအမြင့်မှာ အထပ် ၂၀၀ ရှိသောအဆောက်အအုံနှင့် ညီမျှကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
World’s highest bridge to be completed in mid-2025 in SW China
GUIYANG, Dec. 27 (Xinhua) — The Huajiang Grand Canyon Bridge in southwest China’s Guizhou Province, currently under construction and set to be the world’s highest bridge, is expected to be completed by June 2025, according to a press conference held on Wednesday.
Half of the construction has been completed, nearly two years after the construction was kicked off in a deep gorge in southwestern Guizhou.
The 2,890-meter-long steel girder suspension bridge will be part of an expressway in Guizhou.
The bridge will significantly reduce the crossing time of the canyon from approximately 70 minutes to just about a minute.
A set of bridge-themed sightseeing and recreational programs are being planned, according to the press conference held by the provincial government.
Situated among rolling mountains and gorges, Guizhou is home to nearly half of the world’s 100 highest bridges. The Beipanjiang Bridge on the border of Guizhou and Yunnan provinces is currently the world’s highest bridge, sitting about 565 meters above a valley, equivalent to the height of a 200-story building.