Connect with us

Media

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ယာယီစာသင်ခန်းတွင် ငလျင်လှုပ်ခတ်မှုအလွန် ပထမဆုံး စာသင်ခန်းဖွင့်လှစ်

ရှီးနန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်ရှိ Guanting Town Central School တွင် ယာယီစာသင်ခန်းအသစ်များ ထည့်သွင်းတည်ဆောက်ထားသည်။
ချင်းဟိုင်ပြည်နယ် အနီးဝန်းကျင်ရှိ ကန်းစုပြည်နယ်တွင် ဒီဇင်ဘာ ၁၈ ရက် သန်းခေါင်ယံအချိန်က အင်အား ၆.၂ အဆင့်ရှိသော ငလျင်လှုပ်ခတ်ပြီးနောက် အဆိုပါ စာသင်ကျောင်း အဆောက်အအုံများ၏ တစ်စိတ်တစ်ပိုင်းမှာ ပြိုကျ၊ ပျက်စီးခဲ့ရသည်။

ဒေသန္တရအာဏာပိုင်များက ပုံမှန်စာသင်ကြားမှုများ ပြန်လည်စတင်နိုင်ရန် ယာယီစာသင်ခန်းများကို ရက်ပိုင်းအတွင်း တည်ဆောက်ပေးခဲ့ကြသည်။
ကျောင်းသား/ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ်အလွန် ၎င်းတို့၏ ပထမဆုံးစာသင်ခန်းကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံပေးမှုများနှင့်အတူ ဒီဇင်ဘာ ၂၈ ရက်တွင် စတင်လိုက်ကြောင်း သိရသည်။ (Xinhua)

……………………………….
(English Version)
First post-quake class in make-shift classrooms in NW China
Newly-built temporary classrooms are built in Guanting Town Central School,
Qinghai Province, NW China.
Part of the school buildings were damaged or collapsed after a 6.2-magnitude earthquake hit Jishishan county in neighboring Gansu Province at midnight on December 18.
To resume normal school life, temporary classrooms were built by local authorities within days.
Students had their first class after the quake on Thursday, starting with post-disaster psychological counseling.