Connect with us

Media

မြန်မာနိုင်ငံ အလယ်ပိုင်း၌ တရုတ်နိုင်ငံအကူအညီဖြင့် နေ‌‌ရောင်ခြည်စွမ်းအင်သုံးရေတွင်းများက ကျေးရွာသူ/သား များအတွက် ရေရရှိရေး ဆောင်ကြဉ်းပေးလျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း တရုတ်နိုင်ငံက ကူညီတည်ဆောက်ပေးသော နေ‌‌ရောင်ခြည်စွမ်းအင်သုံးရေတွင်းများက ဒေသခံကျေးရွာသူ/ကျေးရွာသားများအား အကျိုးပြုလျက် ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ဖော်ပြခဲ့သည်။
နေပြည်တော်ရှိ ကျေးလက်ဒေသသောက်သုံးရေစီမံကိန်း အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစားထိုး စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များ အသင်း (Yunnan Province Tidai Planting Development Industry Association) ယင်းရေတွင်းများအား တည်ဆောက်ပေးခဲ့သည်။ ပထမဦးဆုံး ကူညီတည်ဆောက်သော နေ‌‌ရောင်ခြည်စွမ်းအင်သုံးရေတွင်းကို ယခုနှစ် ဇန်နဝါရီလတွင် စတင်အသုံးပြုခဲ့ပြီး ဒုတိယမြောက် ဘက်စုံသုံး နေ‌‌ရောင်ခြည်စွမ်းအင်သုံးရေတွင်းကို ဇူလိုင်လ၌ စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

နေပြည်တော် တဲကြီးကုန်းကျေးရွာ၌ ပထမဦးဆုံး ကူညီတည်ဆောက်သော နေ‌‌ရောင်ခြည်စွမ်းအင်သုံးရေတွင်းက ရွာသူရွာသား ၁,၀၀၀ ကျော်အတွက် နွေရာသီ လယ်ယာထုတ်ကုန်နှင့် အိမ်သုံးရေအသုံးပြုမှုပြဿနာများကို ကူညီဖြေရှင်းပေးခဲ့ပါသည်။
ဇူလိုင်လတွင် စတင်အသုံးပြုခဲ့သည့် ဒုတိယမြောက် ဘက်စုံသုံး နေ‌‌ရောင်ခြည်စွမ်းအင်သုံးရေတွင်းက ရွာသူရွာသား ၁,၀၀၀ ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေကို ပုံမှန်ပေးနိုင်ခဲ့ပြီး၊ အိမ်ထောင်စု ၃၀ ၏ လယ်မြေဧက ၂၄၀ အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးသုံး‌ရေကို ပုံမှန်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကျေးရွာသူ/ရွာသားများက ရေတွင်းများ တည်ဆောက်ပေးခြင်းအတွက် တရုတ်နိုင်ငံအား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကာ သောက်သုံးရေအတွက် အဝေးသို့ သွားလာရန် မလိုတော့ကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117