Connect with us

Media

အေးအတူပူအမျှအသိုက်အဝန်း အတူတည်ဆောက်၍ တရုတ် – မြန်မာဆက်ဆံရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာစေခြင်း

သံအမတ်ကြီး မစ္စတာ ချန်းဟိုင်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က ယခုရက်ပိုင်း ရေးသားဖော်ပြခဲ့သည့် ဆောင်းပါးတွင် တရုတ် – မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် နက်ရှိုင်းကြောင်း ၊ သမ္မတရှီကျင့်ဖျင်သည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လာရောက်ခဲ့ပြီး နှစ်ဦးနှစ်ဖက်က တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ၊ ယခုနှစ်သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို တရုတ်၊ မြန်မာ၊ အိန္ဒိယက အတူတကွအဆိုပြုသည့် နှစ် ၇၀ ပြည့်ဖြစ်ကြောင်း ၊ မိမိတို့သည် ဗဟိုကော်မတီ နိုင်ငံခြားရေး လုပ်ငန်း အစည်းအဝေးစိတ်ဓာတ်ကို ကျင့်သုံး၍ တရုတ် – မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူလူးဆက်ဆံသည့် ဉာဏ်ပညာနှင့် အတွေ့အကြုံ များကို လက်ဆင့်ကမ်းပြန့်ပွားစေပြီး ချစ်ခင်ရင်းနှီးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း၊ အားလုံးပါဝင်ခြင်း ဟူသည့် အိမ်နီးချင်းနိုင်ငံများနှင့် သံတမန် ဆက်ဆံရေးအယူအဆကို လက်တွေ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်ရလဒ်များကို ဆက်လက် ဖော်ဆောင်၍ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ ကူးလူးဖလှယ်ခြင်းကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုအစီအမံတို့ကို ချိတ်ဆက် အကောင်အထည်ဖော်ဆောင်၍ တရုတ် – မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်မှု လက်တွေ့ကျနက်ရှိုင်းလာစေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ “Belt and Road” နှင့် တရုတ် – မြန်မာစီးပွားရေးစင်္ကြံကို အရည်အသွေးမြင့် အတူတည်ဆောက်ပြီး ပိုမိုများပြားသည့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုရလဒ်များဖြင့် နှစ်နိုင်ငံပြည်သူများကို ပိုမို အကျိုးပြုသွားလိုကြောင်း ဆောင်းပါးတွင် ရေးသားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက မိမိတို့သည် မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းကို အားပေးပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထောက်ခံပံ့ပိုးပေးရန် အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ တရုတ် – မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၊ မိမိတို့သည် ပြည်သူဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်မှု အတွေးအခေါ်ကို အမြဲတစေလက်ကိုင်စွဲ၍ တရုတ် – မြန်မာ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ ဆက်သွယ်ရေးလိမ်လည်မှု စသည့်နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများကို အတူတိုက်ဖျက်ပြီး နှစ်နိုင်ငံပြည်သူများ အသက်အိုးအိမ် စည်းစိမ်ဥစ္စာဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ၊ မိမိတို့သည် မြန်မာနိုင်ငံနှင့်အတူ လန်ချန်း-မဲခေါင်နှင့် တရုတ် – အာဆီယံ စသည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေကာ သာယာလှပသောအိမ်ရာကြီး အတူတည်ဆောက်သွားလိုကြောင်း ဆောင်းပါးတွင် ရေးသားခဲ့သည်။