Connect with us

Media

တရုတ်နိုင်ငံက Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံအသုံးပြုကာ စမ်းသပ်ဂြိုဟ်တုသစ် လွှတ်တင်

ကျိုချွမ်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အာကာသအတွင်းသို့ ဂြိုဟ်တုသစ်တစ်စင်းအား ဇန်နဝါရီ ၁၁ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

Tianxing-1 02 ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၅၂ မိနစ်တွင် Kuaizhou-1A သယ်ဆောင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်ပြီး သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။
အဆိုပါဂြိုဟ်တုအား အာကာသပတ်ဝန်းကျင် ဆန်းစစ်ရှာဖွေခြင်းကဲ့သို့သော လက်တွေ့စမ်းသပ်မှုများအတွက် အဓိက အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းလွှတ်တင်မှုမှာ Kuaizhou-1A ဒုံးပျံများ၏ ၂၆ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း လွှတ်တင်ရေးစင်တာထံမှ သိရသည်။ (Xinhua)

……………………………..
(English Version)
China launches new test satellite using Kuaizhou-1A carrier rocket
China sent a new satellite into space from the Jiuquan Satellite Launch Center in northwest China on Thursday.
The Tianxing-1 02 satellite was launched by a Kuaizhou-1A carrier rocket at 11:52 a.m. (Beijing Time) and has entered the planned orbit.
The satellite is mainly used for experiments such as space environment detection.
It was the 26th flight mission of the Kuaizhou-1A rockets, according to the launch center.
Xinhua News Agency correspondents reporting from Jiuquan, China.(XHTV)