Connect with us

Media

တရုတ်နိုင်ငံ၏ AG600M ကုန်းရေနှစ်သွယ်သွားလေယာဉ် အဓိကစမ်းသပ်ပျံသန်းမှုများ ပြီးစီး

ပေကျင်း၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ထုတ်လုပ်သည့် AG600M မီးသတ်လေယာဉ်လေးစင်းက ၂၀၂၃ ခုနှစ်အတွင်း လိုက်နာဆောင်ရွက်ရသည့် အဓိကစမ်းသပ်မှုများ ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း(AVIC) ထံမှ သိရသည်။

ပြည်တွင်းထုတ် AG600 ကုန်းရေနှစ်သွယ်သွားလေယာဉ်ကြီး အုပ်စုဝင် AG600M လေယာဉ်က ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် အမျိုးအစားအသိအမှတ်ပြုလက်မှတ်ရရှိရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် မီးသတ်ခြင်းလုပ်ငန်းနှင့်အခြား ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုသူများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း AVIC က ပြောကြားခဲ့သည်။ (Xinhua)

……………………….
(English Version)
China’s AG600M amphibious aircraft complete key test flights
Four China-developed AG600M firefighting aircraft have completed a series of key tests for compliance during 2023, according to the Aviation Industry Corporation of China (AVIC).
The AG600M aircraft, a member of the homegrown AG600 large amphibious aircraft family, is aiming to obtain the required type certificate by the end of 2024, and to be delivered to operators for firefighting and other rescue operations in 2025, said the AVIC.
Xinhua News Agency correspondents reporting from Beijing.(XHTV)