Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ခရစ်စမတ်ပွဲတော်အကြို ပြင်ဆင်ထားမှုမြင်ကွင်းများ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ မကြာမီ ကျရောက်လာတော့မည့် ခရစ်စမတ်ပွဲတော်အကြိုအနေဖြင့် ခရစ်စမတ်ပွဲသစ်ပင်များတွင် ရောင်စုံမီးများဖြင့် လှပစွာတန်ဆာဆင်ထားသည့် မြင်ကွင်းများကို ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။

ရန်ကုန်မြို့ရှိ ဈေးဝယ်ကုန်တိုက်များတွင် ခရစ်စမတ်ပွဲတော်အတွက် အလှဆင်ပစ္စည်းများ ခင်းကျင်းရောင်းချထားရှိမှုနှင့် ဟိုတယ်အချို့တွင် ခရစ်စမတ်သစ်ပင်များ အလှဆင်ထားရှိမှုကို ခရစ်စမတ်ပွဲတော်အကြိုအဖြစ် မြင်တွေ့ရသည်။

ခရစ်စမတ်ပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပကြပြီး ဒီဇင်ဘာ (၂၅) ရက်တွင် ကျရောက်သော ခရစ်စမတ် အခါသမယသည် မိသားစု၊ သူငယ်ချင်းမိတ်ဆွေများ ပြန်လည်ဆုံကြသည့် ပွဲတော်လည်း ဖြစ်သည်။ အဆိုပါပွဲတော်ကို မြန်မာနိုင်ငံတွင် ဒေသအလိုက် ကျင်းပကြလေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117