Connect with us

Media

တရုတ်နွေဦးပွဲတော် ခရီးသွားရာသီအတွင်း C919 လေယာဉ် ပထမဆုံး ခရီးစဉ်ပြေးဆွဲ

ရှန်ဟိုင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးဖြစ်သော C919 လေယာဉ်သည် ဇန်နဝါရီ ၂၆ ရက်က ခရီးသည် ၁၁၁ ဦးအား တင်ဆောင်လျက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ချိန်တူးမြို့သို့ ထွက်ခွာသွားခဲ့သည်။
ယင်းမှာ C919 လေယာဉ်က တရုတ်နွေဦးပွဲတော် ခရီးသွားရာသီအတွင်း ပထမဆုံးလေကြောင်းခရီးစဉ် ပြေးဆွဲခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံသည် နွေဦးပွဲတော်ရောက်ရှိရန် ၁၅ ရက်အလို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံ၏ အကြီးဆုံး နှစ်စဉ် ခရီးသွားလာမှုကို တရားဝင်စတင်ပြီဖြစ်ကာ ခရီးစဉ်အရေအတွက် စံချိန်တင်နိုင်မည်ဟု မျှော်မှန်းထားသည်။
ရက်ပေါင်း ၄၀ ကြာမြင့်မည့် အဆိုပါ ခရီးသွားကာလကို “chunyun” ဟု လူသိများပြီး ပြည်သူရာပေါင်းများစွာက နေရပ်ပြန်ကြမည်ဖြစ်သလို မိသားစုများ၊ မိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းကြမည်ဖြစ်သည်။ (Xinhua)

………………………….
(English Version)
C919 jetliner’s first flight during Spring Festival travel rush
A C919 plane carrying 111 passengers departed from Shanghai for Chengdu on Friday.
It’s the first time for C919, China’s self-developed large passenger aircraft, to carry out flight missions during China’s Spring Festival travel rush.
China officially ushered in its largest annual population migration on Friday, 15 days ahead of the Spring Festival, with record-breaking journey numbers expected.
The 40-day travel surge, also known as “chunyun,” will see hundreds of millions of people return home and reunite with their friends and families.