Connect with us

Media

အီရန်နိုင်ငံက ဂြိုဟ်တု ၃ စင်းကို အာကာသအတွင်းသို့ လွှတ်တင်

တီဟီရန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ၏ အာကာသမှတ်တမ်းတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌ တီထွင်ထုတ်လုပ်ထားသည့် ဂြိုဟ်တု ၃ စင်းအား ဇန်နဝါရီ ၂၈ ရက်တွင် အာကာသအတွင်းသို့ တစ်ပြိုင်နက်လွှတ်တင်ခဲ့ကြောင်း ISNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ယင်းဂြိုဟ်တုများကို ကမ္ဘာမြေမျက်နှာပြင်အထက် အနိမ့်ဆုံးအမြင့် ၄၅၀ ကီလိုမီတာရှိသည့် ဘဲဥပုံဂြိုဟ်ပတ်လမ်းကြောင်းသို့ လွှတ်တင်ခဲ့ကြောင်း သိရသည်။

လွှတ်တင်ခဲ့သည့် ဂြိုဟ်တု ၃ စင်းတွင် Mahda အမည်ရှိ ဆက်သွယ်ရေးနှင့် သုတေသနဂြိုဟ်တု ၁ စင်း ၊ နာနိုဂြိုဟ်တုများဖြစ်သည့် Keyhan-2 နှင့် Hatef-1 တို့ ပါဝင်ကြောင်း ၊ ယင်းဂြိုဟ်တုများကို Semnan ပြည်နယ်အလယ်ပိုင်းမှ ပြည်တွင်းထုတ် လွှတ်တင်ရေးယာဉ် Simorgh (Phoenix) ဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)

…………………………….
(English Version)
Iran says it launches 3 satellites into space
Iran on Sunday simultaneously sent three domestically developed satellites into space for the first time in its space history, the Iranian Students’ News Agency (ISNA) reported.
The satellites were launched to an elliptic orbit with a minimum altitude of 450 kilometers above the Earth’s surface, said the ISNA report.
The three satellites included one communications and research satellite, Mahda, and two nanosatellites, Keyhan-2 and Hatef-1, the report said, adding that they were launched by indigenously-built launch vehicle Simorgh (Phoenix) from the central province of Semnan.
Xinhua News Agency correspondents reporting from Tehran.(XHTV)