Connect with us

Media

ထိုင်းနိုင်ငံက တရုတ်နိုင်ငံသားများအတွက် ပြည်ဝင်ခွင့်သတ်မှတ်ချက်များ ဖြေလျှော့ပေးမည်

ဘန်ကောက်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက မတ်လ ၁ ရက်မှစ၍ တရုတ်နိုင်ငံသားများအတွက် ပြည်ဝင်ခွင့်သတ်မှတ်ချက်များအား ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်က ဇန်နဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံမှ လာရောက်သူများအတွက် ယခင်က ပေးအပ်ခဲ့သော ယာယီဗီဇာကင်းလွတ်ခွင့်မှာ ဖေဖော်ဝါရီ ၂၉ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ၊ သက်ဆိုင်ရာတရုတ်တာဝန်ရှိသူများနှင့် ညှိနှိုင်းပြီးနောက် ထိုင်းအစိုးရအနေဖြင့် မတ်လမှစတင်ကာ တရုတ်နိုင်ငံသားများအတွက် အမြဲတမ်းဗီဇာကင်းလွတ်ခွင့်မူဝါဒအား ကျင့်သုံးရန် ဆုံးဖြတ်လိုက်ကြောင်း ဝန်ကြီးချုပ်က အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သော အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါ ဆောင်ရွက်ချက်က ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအား မြှင့်တင်ပေးမည် ဖြစ်သည့်အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………
(English Version)
Thailand to waive visa requirements for Chinese nationals
Thailand will permanently waive visa requirements for Chinese citizens starting March 1, announced Thai Prime Minister Srettha Thavisin on Tuesday.
During a press conference after a cabinet meeting at the government house, Srettha said Thailand had previously granted a temporary visa waiver status for visitors from China, which was set to end on Feb. 29, 2024. After negotiations with related Chinese authorities, the Thai government has now opted to adopt a permanent visa-free policy for Chinese citizens from March.
He said that this measure will not only boost Thailand’s tourism industry but also signify further improvement in the friendly relations between the two countries.
Xinhua News Agency correspondents reporting from Bangkok.(XHTV)