Connect with us

Media

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် Maryam Nawaz Sharif ရွေးကောက်ခံရ

အစ္စလမ်မာဘတ်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် Pakistan Muslim League-Nawaz ပါတီ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌဖြစ်သူ Maryam Nawaz Sharif ကို ဖေဖော်ဝါရီ ၂၆ ရက်က ရွေးကောက်ခြင်းခံခဲ့ရကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ Malik Muhammad Ahmad က ကြေညာခဲ့သည်။

အသက် ၅၀ အရွယ်ရှိ Maryam က ၁၉၄၇ ခုနှစ် ပါကစ္စတန်နိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း မည်သည့်ပြည်နယ်တွင်မဆို ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………….
English Version)
Maryam Nawaz Sharif elected as 1st female chief minister of Pakistan’s Punjab
Maryam Nawaz Sharif, senior vice president of the Pakistan Muslim League-Nawaz party, was elected on Monday as the first female chief minister for Pakistan’s eastern Punjab province, Speaker of the provincial assembly Malik Muhammad Ahmad announced.
Maryam, 50, is also the first female chief minister of any province of Pakistan since the South Asian country’s independence in 1947.
Xinhua News Agency correspondents reporting from Islamabad.(XHTV)