Connect with us

Media

သင်္ကြန်အချိန်အခါနှင့် အတာအိုးဓလေ့

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

သင်္ကြန်ကျရောက်လာခြင်းနှင့်အတူ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုအရ အတာအိုး၊သင်္ကြန်အိုး (ပရိတ်အိုး)များကို အိမ်တိုင်းလိုလို ပြုလုပ်ကြလေ့ရှိသည်။

အတာအိုးများကိုတော့ နှစ်သစ်ကိုကြိုဆိုသည့်သင်္ကေတအဖြစ် သင်္ကြန်မကျရောက်ခင်တွင် ကြိုတင်ပြင်ဆင်ရပြီး သင်္ကြန်ရက်များတစ်လျှောက် အတာအိုးများ ထားလေ့ရှိကြသည်။ အတာအိုးများကို အိမ်ဦးခန်း၊ အိမ်ရှေ့ခန်း၊ အိမ်အပြင်ဘက်နေရာများတွင် သီးသန့်ထားလေ့ရှိကြသည်။ ၇ ရက်သားသမီးတို့အတွက် ရည်ရွယ်၍ ပန်း ၇-မျိုး၊ အညွန့် ၇-မျိုး စသည်တို့ကို ရေအပြည့်ထည့်ထားသည့် အိုးတွင်အတာပန်းအိုးအဖြစ် ထိုးလေ့ရှိကြသည်။ အဓိပ္ပါယ်ကတော့ နှစ်သစ်မှာ ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာဖို့ ဆုတောင်းသည့်အနေဖြင့် ပြုလုပ်ကြခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)