Connect with us

Media

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ နွေရာသီ အပူဒဏ်သက်သာရေး နှီးယပ်တောင် ဝယ်ယူ အားပေးနေကြသူများ

ရန်ကုန်မြို့၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ရာသီဥတု ပူပြင်းလာသည်နှင့်အမျှ မြင့်မားသည့် အပူဒဏ်ကို ကာကွယ်နိုင်ရေး၊ အပူရှိန် လျော့ချနိုင်ရေးအတွက် ပြည်သူများအကြားတွင် ပန်ကာ၊ အဲကွန်း(Air Con)၊ စသည့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူသုံးစွဲ လာကြသလို စွမ်းအင်မလိုအပ်ဘဲ ပေါ့ပါးသည့် တစ်ကိုယ်ရည်သုံး နှီးယပ်တောင်များကိုလည်း ပြည်သူများ ဝယ်ယူသုံးစွဲလာကြသည်ကို တွေ့ရပါသည်။ မြန်မာနိုင်ငံရှိ မြို့ ခုနစ်မြို့၌ ဧပြီ ၂၈ ရက်က ဧပြီလ၏ အမြင့်ဆုံး အပူချိန်စံချိန်သစ်များ ကြုံတွေ့ခဲ့ရကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း ဒေသကြီးရှိ ချောက်မြို့သည် ဧပြီ ၂၈ ရက်တွင် လွန်ခဲ့သည့် ၅၆ နှစ်တာကာလအတွင်း အပူချိန် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်ဖြင့် ဧပြီလအတွင်း အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း မိုး/ဇလဌာနမှ သိရသည်။ ချောက်မြို့အပြင် ညောင်ဦး၊ စစ်ကိုင်း၊ တံတားဦး(လေကြောင်းမိုးလေဝသ)၊ တောင်တွင်းကြီး၊ မန္တလေးနှင့် ဇောင်းတူမြို့များတွင်လည်း ဧပြီလ၏ အမြင့်ဆုံး အပူချိန်များအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ မိုးလေဝသသတင်းထုတ်ပြန်ချက်များအရ နိုင်ငံတစ်ဝှမ်းရှိ ဒေသအများအပြားတွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ထက် ကျော်လွန်၍ အပူချိန်များ မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117