Connect with us

Media

ယခုနှစ် မယ်စကြဝဠာ ပြိုင်ပွဲကို ကျိုင်းတုံမြို့ကိုယ်စားပြု အလှမယ် အမရာဘို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရ

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ၇၂ ကြိမ်မြောက် မယ်စကြဝဠာ စင်မြင့်ထက်တွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ် အမရာဘိုက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

၇၂ ကြိမ်မြောက် မယ်စကြဝဠာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် ရွေးချယ်သည့် Miss Universe Myanmar 2023 Grand Final ပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါပြိုင်ပွဲကို မြို့အလိုက် ကိုယ်စားပြု အလှမယ် ၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ Winner သရဖူဆုကိုတော့ ကျိုင်းတုံမြို့ကိုယ်စားပြု ယှဉ်ပြိုင်သည့် အလှမယ် အမရာဘိုက
ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117