Videos
ကိုလံဘို ဆိပ်ကမ်းမြို့က သီရိလင်္ကာနိုင်ငံ၏ အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်
ကိုလံဘို၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံး ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတစ်ခုဖြစ်သည့် ကိုလံဘို ဆိပ်ကမ်းမြို့တည်ဆောက်ရေးစီမံကိန်းကြီးကို ၆ နှစ်တိုင် အကောင်အထည်ဖော်ပြီးနောက် ယင်းသည် နိုင်ငံ၏ ပြည်တွင်းစီးပွားရေးတိုးတက်အောင် ပြန်လည်ပုံဖော်ရန် ၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းအသစ်များ အကောင်အထည်ဖော်ရန် နှင့် အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ပေးရန် နေရာတစ်ခုဖြစ်လာခဲ့သည်။
၂၀၁၄ ခုနှစ်မှ စတင် အကောင်အထည်ဖော်ခဲ့သည့် ယင်းစီမံကိန်းကြီးကို သီရိလင်္ကာနိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံ CHEC Port City Colombo (Pvt) ltd တို့က ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး သီရိလင်္ကာနိုင်ငံ၏ မြို့တော် ကိုလံဘိုကမ်းခြေတွင် ပင်လယ်ဘက်သို့ မြေဧရိယာ ၂၆၉ ဟက်တာထိ တိုးချဲ့တည်ဆောက်ထားသည့် အသစ်စက်စက် ဗဟို စီးပွားရေးလုပ်ငန်းခရိုင်တစ်ခု ဖြစ်လာသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်တွင် သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာ ပက်ဆာသည် စီမံကိန်း ၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကိုလံဘို ဆိပ်ကမ်းမြို့တည်ဆောက်ရေး လုပ်ငန်းခွင်သို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်က စီမံကိန်းသည် မကြာမီပြီးစီးတော့မည်ဖြစ်ရာ ယင်းမှာ နိုင်ငံ ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍအတွက် အဓိက အထောက်အပံ့ဖြစ်စေမည်ဟု ပြောကြားခဲ့သည်။ (Xinhua)