Connect with us

Videos

ကိုလံဘီယာ နိုင်ငံ အလယ်ပိုင်းတွင် မြေပြိုမှု ဖြစ်ပွားခဲ့၊ ကယ်ဆယ်ရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်

ဘိုဂိုတာ ၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ အလယ်ပိုင်း Manizales မြို့တွင် ဧပြီလ ၁၉ ရက်နေ့ နံနက် အစောပိုင်း အချိန်တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ဧပြီလ ၂ဝ ရက်နေ့အထိ ရရှိထားသော သတင်းများအရ အနည်းဆုံး လူပေါင်း ၁၄ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။

Manizales မြို့ မြို့တော်ဝန် Octavio Cardona Leon က ဧပြီလ ၁၉ ရက်နေ့က ၎င်း၏ တွစ်တာ စာမျက်နှာတွင် လက်ရှိချိန်၌ မြေပြိုမှု ကြောင့် လူပေါင်း ၁၄ ဦးသေဆုံး ခဲ့ပြီး နေအိမ် အဆောက်အအုံ ၇၅ ခု ပျက်စီး သွားခဲ့ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ကိုလံဘီယာ နိုင်ငံ ၏ လက်တလော ကာလပိုင်းတွင် မိုးရွာသွန်းမှု သည် ပုံမှန်ထက် များပြားခဲ့သည်။ ဧပြီလ ဆန်းပိုင်း တွင်လည်း ကိုလံဘီယာ နိုင်ငံ အနောက်တောင်ပိုင်း Putumayo ပြည်နယ် Mocoa မြို့တွင် ဖြစ်ပွားခဲ့သည့် ရေကြီးမြေပြိုမှုကြောင့် လူပေါင်း ၃၁၄ ဦးသေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.