Connect with us

Videos

နှစ်ပေါင်း တစ်ထောင်ခန့်က အဆောက်အဦးများကို တရုတ်တွင်တူးဖော်တွေ့ရှိ

ဟူပေ၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရှေးဟောင်းသုတေသီများသည် လွန်ခဲ့သည့် နှစ်ပေါင်း တစ်ထောင်ခန့် ကျင်းမင်းဆက် မှ ယွမ်မင်းဆက်အတွင်းက တည်ဆောက်ထားခဲ့ဟန်ရှိသည့် အဆောက်အဦးများကို တရုတ်နိုင်ငံ မြောက်ပိုင်း ဟူပေပြည်နယ် Huanghua ရှိ Haifeng မြို့တွင် တူးဖော်တွေ့ရှိခဲ့သည်။ ၄ လခန့်အကြာတူးဖော်မှုအပြီး အဆောက်အဦးထဲတွင် ရှေးဟောင်းမီးလင်းဖိုများ၊ မီးဖိုများ ကိုလည်း တွေ့ရှိခဲ့သည်။ မီတာ၃ဝ ရှည်ပြီး ၁ဝမီတာအကျယ်ရှိသည့် တူးဖော်မှုဧရိယာတွင် ရှေးခေတ်တရုတ်လူမျိုးများ၏လှုပ်ရှားမှုများကို ထင်ဟပ်ပြသနေသည်။ ရှေးခေတ်ကတည်းက ထွန်းကားစည်ပင်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၏ပြယုဂ်လည်းဖြစ်သည်။ Haifeng မြို့မှာ ရှေးခေတ်က ကြွေထည်ပစ္စည်းများနှင့် ဆားရောင်းဝယ်မှုကို အဓိက ပြုလုပ်ခဲ့သည့် မြစ်ကမ်းနားဘေးက မြို့တစ်မြို့လည်းဖြစ်ခဲ့သည်။ ပိုးလမ်းမကြီးကူးသန်းရောင်းဝယ်ရေးပင်လယ်ရေကြောင်း ခရီးလမ်း၏ မြောက်ပိုင်းအစွန်ဆုံးမြို့တစ်မြို့ ဖြစ်နိုင်ခြေရှိကြောင်းလည်းပညာရှင်များကသုံးသပ်ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.