Connect with us

Videos

မြေအောက်ဘူတာရုံများ ပါဝင်သည့် မြို့တွင်း ၃မြို့အားချိတ်ဆက်ထားသော အမြန်ရထားစမ်းသပ်ပြေးဆွဲ

ချန်းရှ၊ ဒီဇင်ဘာ (၁၈) ရက် (ဆင်ဟွာ)

Changsha-Zhuzhou-Xiangtan မြို့တွင်း ဆက်သွယ်သွားလာနိုင်သည့်အမြန်ရထား ကို စမ်းသပ်ပြေးဆွဲရန်ဖွင့်လှစ်ခဲ့သည်။ရထားလမ်းပိုင်းမှာ ၉၅.၅ ကီလိုမီတာ ရှည်ပြီး တစ်နာရီလျင် ကီလိုမီတာ ၂ဝဝ နှှုန်းဖြင့်ပြေးဆွဲရန်ဒီဇိုင်းဆွဲထားသည်။ အဓိကမြို့ကြီး ၃ မြို့ကို ဆက်သွယ်ထားသည့်အဆိုပါ အမြန်ရထားသည် ပုံမှန်ထက် ခရီးသွားလာချိန် မိနစ် ၃ဝခန့်ပိုမိုမြန်ဆန်သည်။ ယခု ပထမဆုံးစတင်ပြေးဆွဲရာတွင် ရထားမှာ တစ်နာရီလျင် ကီလိုမီတာ ၁၆ဝ ဖြင့်သာပြေးဆွဲခွင့်ပြုထားသည်။ ထိုအမြန်ရထားဖြင့် အဓိကမြို့ကြီး ၃ မြို့၏ လူသားအရင်းမြစ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်သည်။ ထို့အပြင် ဟူနန်ပြည်နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးရာရောက်သည်။ ထိုရထားလမ်းကြောင်းတွင် အထူးစီစဉ်ထားရှိသည့်အရာမှာ ဘူတာရုံအချို့ကို မြေအောက်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ စုစုပေါင်း ဘူတာရုံ ၂၄ ရုံတွင် ဘူတာရုံ ၈ ရုံမှာ မြေအောက်တွင်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.