Connect with us

Videos

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ငြိမ်းချမ်းရေး ကော်မရှင်သို့မော်တော်ယာဉ်များ ပေးအပ် လှူဒါန်း

ရန်ကုန် ၊ မေ ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ငြိမ်းချမ်းရေး ကော်မရှင်သို့မော်တော်ယာဉ် ၅ စီး ပေးအပ် လှူဒါန်း သည့် အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က “တရုတ်သံရုံးမှ ယခု အကြိမ် ခရီးကြမ်းသုံး မော်တော်ယာဉ် ငါးစီး လှူဒါန်း ရခြင်းရဲ့ ရည်ရွယ်ချက်မှာ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရာမှာ အထောက်အကူဖြစ်စေဖို့နဲ့ မြင့်မြတ်တဲ့ ငြိမ်းချမ်းရေးတာဝန်ကို ပိုမို ကောင်းမွန်စွာ ထမ်းဆောင် နိုင်စေဖို့ပဲ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လတ်တလောနှစ်များတွင် မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ တရုတ်နိုင်ငံသည် သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြား ကြားဝင်စေ့စပ်ပေးပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ရေးအတွက် အပြု သဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပြီး ဆက်လက် ကူညီ ထောက်ခံ အားပေး ရန်လည်း ဆန္ဒ ရှိကြောင်း ၊ တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်သည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွင်း အကျိုး ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ရာ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးကို အနှစ်သာရ ပိုမို ပြည့်ဝ လာစေပြီး နှစ်နိုင်ငံ ပြည်သူများ အကြား အစဉ်အလာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကိုလည်း ထပ်ဆင့်မြှင့်တင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက လှူဒါန်းခဲ့မှု အပေါ် ကျေးဇူးတင် စကား ပြန်လည် ပြောကြားခဲ့ပြီး ယခုကဲ့သို့ လှူဒါန်းခြင်းသည် မိမိတို့ကို လှူဒါန်းခြင်း သာမက ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းထံသို့Volvo အမျိုးအစား မော်တော်ယာဉ် ၅ စီးအား လွှဲပြောင်း ပေးအပ် လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ က သံအမတ်ကြီး မစ္စတာ ဟုန်လျန် ထံသို့ ကျေးဇူးတင် ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်များသည် လူနည်းသော်လည်း အားလုံး ဖြန့်၍ သွားလာနေရကြောင်း ၊ ထိုသို့ သွားရောက်ရာတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံက မိမိတို့အား အဆင်ပြေစေရေးဆောင်ရွက် ပေးသည့် အတွက် များစွာ ဝမ်းသာကြောင်း ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အခမ်းအနား အပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နောင်တွင်လည်း ငြိမ်းချမ်းရေး ကော်မရှင် နှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကဏ္ဍ နှင့် ပတ်သက်၍ တတ်နိုင်သမျှ ထိုက်သင့်သည့် ကူညီမှုကို ဆက်လက် ပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ အတွင်း စစ်မှန်သော တည်ငြိမ် အေးချမ်းမှု ရရှိရေး အတွက် အမှန်တကယ် မျှော်လင့်ထားပါကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117