Connect with us

Videos

တရုတ်- မြန်မာ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း လုပ်ငန်း စတင် ဆောင်ရွက်

မဒေးကျွန်း ၊ ဧပြီ ၁၁ ရက် ( ဆင်ဟွာ )

တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်း ပို့လွှတ်မှု သဘောတူညီချက်ကို နှစ်နိုင်ငံ ထိပ်တန်း ခေါင်းဆောင်များ ရှေ့မှောက်၌ ဧပြီလ ၁ဝ ရက် ညနေပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ပြီးနောက် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် မဒေးကျွန်းရှိ ရေနံဆိပ်ကမ်းသို့နိုင်ငံတကာ ဈေးကွက်မှ ဝယ်ယူလာသည့် ရေနံစိမ်းတန်ချိန် ၁၄ဝဝဝဝ တင်ဆောင် ထားသော “Suezmax” အဆင့်ရှိ ရေနံတင်သင်္ဘောပေါ်မှ ရေနံစိမ်းများ ပို့လွှတ်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။

ရေနံပိုက်လိုင်း စတင်ပို့လွှတ်ခြင်းသည် တရုတ်-မြန်မာနှစ်နိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍသစ် တစ်ရပ်ကို ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပြီး ယင်းမှာ “ဘင်္ဂလားဒေ့ရှ် – တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စြင်္က ံန် ” ၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာကြောင်း နှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ နှင့် တရုတ်နိုင်ငံအကြား အခြေခံ အဆောက်အအုံ တည်ဆောက်ခြင်း နှင့် နှစ်ဖက်အပြန်အလှန်ချိတ်ဆက်ခြင်းအတွက် အရေးပါသောလက္ခဏာတစ်ရပ် ဖြစ်ကြောင်း သိရသည်။

တရုတ်-မြန်မာ ရေနံ နှင့် သဘာ၀ ဓာတ်ငွေ့ပိုက်လိုင်းသည် ခေတ်သစ်ပိုးလမ်းကြီး စီမံကိန်းအတွက် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကနဦး စီမံကိန်းတစ်ခုဖြစ်ပြီး ၎င်းသည် တရုတ်နိုင်ငံ၏ အနောက် တောင်ပိုင်း ဒေသများတွင် ရေနံလိုအပ်ချက်ကို လျှော့ချပေးနိုင်မည်ဖြစ်ကာ တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး နှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးနိုင်မှာဖြစ်သလို အရှေ့တောင်အာရှဒေသအတွက်လည်း အကျိုးပြုနိုင်မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံအတွက် စီးပွားအကျိုးအမြတ်ရလဒ်ကောင်းများ နှင့် ပြည်သူ့အကျိုးစီးပွားကို ယူဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ၊ နိုင်ငံတော် အခွန်ဘဏ္ဍာ ၊ ရင်းနှီးမြှုုပ်နှံမှု ၊ လမ်းအသုံးပြုခ ၊ ဖြတ်သန်းခ ၊ လေ့ကျင့်ရေးထောက်ပံ့ငွေ နှင့် မြန်မာနိုင်ငံ၏ ရေနံ-ဓာတု စက်မှု လုပ်ငန်းအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးနိုင်မည်ဖြစ်သလို ပြည်တွင်း စက်မှု လုပ်ငန်းများ နှင့် လျှပ်စစ် ကဏ္ဍ အဆင့်အတန်းကို မြှင့်တင်နိုင်မည် ဖြစ်ကြောင်း ၊ နိုင်ငံတွင် ကြုံတွေ့နေရသော သဘာဝဓာတ်ငွေ့ဈေးကွက်ကျဆင်းနေသည့် အခက်အခဲကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၊ ပို့ကုန်ဝင်ငွေကို တိုးတက်စေမည်ဖြစ်ကြောင်း ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အကျိုး ပြုနိုင်မည် ဖြစ်ကြောင်း နှင့် အလုပ်အကိုင်အခွင့်အလမ်း နှင့် ပိုက်လိုင်းတစ်လျှောက်နေထိုင်ကြသည့် ဒေသခံများ၏ လူနေမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

တရုတ်- မြန်မာ ရေနံစိမ်း ပိုက်လိုင်း စီမံကိန်း အနေဖြင့် ပိုက်လိုင်းအစပြုရာ မဒေးကျွန်းရှိ ဒေသခံများ၏ လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၃ မီလီယံ တန်ဖိုးရှိ လမ်း ၊ တံတား ၊ ကျေးလက် ကျန်းမာရေး ဌာန ၊ စာသင်ကျောင်း ၊ ရေပေးဝေမှု ၊ လျှပ်စစ် ဓာတ်အား ၊ ဆက်သွယ်ရေး စသည့် လုပ်ငန်း ၁၇၈ ခုနှင့် သဘာ၀ ဘေးအန္တရာယ် ကယ်ဆယ်ရေး ဆိုင်ရာ လှူဒါန်းမှု ၅၀ ကျော်ကိုလည်း ပြုလုပ်ခဲ့ပြီး လက်ရှိ အချိန်တွင် မဒေးကျွန်းပေါ်ရှိ ကျေးရွာ အားလုံး နီးပါး ကားလမ်း ဆက်သွယ်ရေး ချိတ်ဆက်မှု ရှိလာခြင်း ၊ ဆက်သွယ်ရေး ကွန်ယက် ချိတ်ဆက်မှု ရှိလာခြင်း ၊ လျှပ်စစ်မီး ရရှိမှုမှာ ယခင် အချိန်ပိုင်းမှ ယခု ၂၄ နာရီ ရရှိ လာခဲ့ခြင်း ၊ သန့်ရှင်းသော သောက်သုံးရေများအား အလွယ်တကူ သုံးစွဲ လာနိုင်ခြင်းတို့ ရှိလာခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အနောက်ပိုင်း ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှ စတင်သော ရေနံပိုက်လိုင်းသည် အလျား ၇၇၁ ကီလိုမီတာရှိပြီး တစ်နှစ်လျှင် ရေနံ တန်ချိန် ၂၂ သန်းကို ပေးပို့နိုင်မည်ဖြစ်သည်။အဆိုပါစီမံကိန်းထဲတွင် ရေနံစိမ်းတန်ချိန် ၃ဝဝဝဝဝ အဆင့်ရှိသည့် ရေနံစိမ်း ဆိပ်ကမ်း တစ်ခု ပါဝင်ပြီး ရေနံစိမ်း တန်ချိန် စုစုပေါင်း ၁၂ သိန်း သိုလှောင်နိုင်ကြောင်း ၊ မြန်မာနိုင်ငံ အတွက် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂ သန်းကို ပိုက်လိုင်းက တဆင့် တင်ပို့ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂ဝ၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့သော မဒေးကျွန်း ရေနံဆိပ်ကမ်းသည် ၂ဝ၁၅ ခုနှစ် ဇန်နဝါလ ၃ဝ ရက်တွင် ပြီးစီးခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးခေတ်မီ နိုင်ငံတကာ ရေနံဆိပ်ကမ်းကြီး တစ်ခုဖြစ်ကြောင်း နှင့် တရုတ်-မြန်မာ စီးပွားရေး နှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော ပြတင်းပေါက်တစ်ခုဖြစ်လာမည်ဖြစ်သည်၊၎င်းပိုက်လိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ၊ မကွေးတိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်သန်းသွားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117