Connect with us

Videos

ဒရမ်တီးသည့်စက်ရုပ်နှင့်ပုံတူဆွဲစက်ရုပ်အားစိတ်ဝင်စားသူများပြား

နန်ကျင်း၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းတွင် ကျင်းပပြုလုပ်နေသည့် အဆင့်မြင့်နည်းပညာပြပွဲတွင် လာရောက်ကြည့်ရှုသူများကို ဆွဲဆောင်နိုင်သည့်စက်ရုပ်များကို ပြသထားသည်။ စိတ်ဝင်စားခံရမှုများပြားသောစက်ရုပ်များထဲတွင် ဒရမ်တီးသည့် စက်ရုပ်နှင့် ပုံတူဆွဲပေးသည့်စက်ရုပ်များလည်းပါဝင်သည်။ ဒရမ်တီးသည့်စက်ရုပ်အား ဂျာမနီနိုင်ငံ အဖွဲ့အစည်းတစ်ခုမှ ဖန်တီးထားခြင်းဖြစ်ပြီး Fast & Furious ဇာတ်လမ်းထဲမှ See you againဆိုသည့် တီးလုံးကို တီးခတ်ပြသခြင်းဖြစ်သည်။ ထို့အတူ မိနစ်အနည်းငယ်အတွင်း ပုံတူဆွဲပေးနိုင်သည့်စက်ရုပ်ကိုလည်း ပြသထားပြီး နောက်ပိုင်းတွင် ပုံစံများစွာ ကို ပုံတူရေးဆွဲနိုင်ရန် ဆက်လက်ထုတ်လုပ်သွားမည်ဖြစ်ပြီး ဈေးကွက်အတွင်းဖြန့်ချီနိုင်သည့်အထိ ထုတ်လုပ်သွားရန်ရည်ရွယ်ထားကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.