Connect with us

Videos

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ဗဟိုအစိုးရ ၏ထောက်ပံ့မှုဖြင့်ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာဖွင့်လှစ်

ဟောင်ကောင်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ဗဟိုအစိုးရ မှ ငွေကြေးထောက်ပံ့မှုဖြင့် ဖွင့်လှစ်ပေးခဲ့သည့် Lantau မြောက်ပိုင်းဆေးရုံ ဟောင်ကောင်ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာ (HKICC) ကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ Architectural Services Department ဌာန ညွှန်ကြားရေးမှူး က ချီးကျူးခဲ့သည်။

Architectural Services Department ဌာန ညွှန်ကြားရေးမှူး Winnie Ho က “ကျွန်မတို့ဆီမှာ COVID-19 ကပ်ရောဂါဖြစ်ပွားတော့ အဆောင်ပေါင်း ၈၀၀ ကျော်ပါဝင်တဲ့ ယာယီဆေးရုံတစ်ရုံကို အချိန် ၄ လအတွင်း အပြီးဆောက်ဖို့ တာဝန်ကျလာပါတယ်၊ဒါဟာ တကယ်ကို အလျင်စလိုလုပ်ဆောင်ရတာဖြစ်ပြီးတော့ စံချိန်စံညွှန်းတွေကလည်း သာမန်ဆေးရုံတစ်ရုံထက်နိမ့်ကျလို့မရပါဘူး၊အဆင့်တိုင်းကို အကောင်းဆုံးလုပ်ဆောင်ရမှာဖြစ်ပြီးတော့ ဟောင်ကောင် ရဲ့ ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီတည်ဆောက်ရမှာဖြစ်ပါတယ်၊ ဒါဟာခဲယဉ်းပြီးတော့ လုပ်ရတဲ့ အဆင့်တွေလည်းများပြားပါတယ် ၊ဗဟိုအစိုးရရဲ့ ထောက်ပံ့ငွေတွေ၊ နည်းပညာတွေ နှင့် ကျွမ်းကျင်မှု တွေမရှိဘဲဒီဆေးရုံဆောက်လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ဒီတော့ကျွန်မဒါကိုတွေးလိုက်တဲ့အချိန်တိုင်း ဟောင်ကောင်ကို အောင်မြင်အောင် ကူညီပေးခဲ့တဲ့ ခိုင်မာတဲ့ ပံ့ပိုးမှုတွေအတွက် သိပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။ဒီစီမံကိန်းဟာ အကောင်းဆုံး နမူနာ တစ်ခုလည်းဖြစ်ပါတယ် ။ဟောင်ကောင်မှာ ဒီလို နည်းလမ်းနဲ့လုပ်ဆောင်တဲ့ စီမံကိန်းမျိုးတစ်ခါမှ မရှိခဲ့ဖူးပါဘူး။ဗဟိုအစိုးရက ထောက်ပံ့တဲ့ငွေကြေးနဲ့ ငွေကြေးတစ်ကျပ်တိုင်းဟာ ဗဟိုအစိုးရဆီကပါ။ကျွန်မတို့မကြာခဏဆိုသလို ပြည်မကြီးက ဗီဒီယိုတွေကိုကြည့်ရပါတယ် ဥပမာ ဟောဆန်ဆန်းဆေးရုံပေါ့။ကျွန်မတို့ အမြန်ဆုံး တပ်ဆင်နိုင်တဲ့ ဆေးဘက်ဆိုင်ရာအထောက်အပံ့အမျိုးအစားအစုံကိုလေ့လာခဲ့ရပြီးတော့ ပြည်သူတွေရဲ့ ကျန်းမာရေးကို ပထမဦးစားပေးရှေ့တန်းတင် သင့်ပါတယ်။အရေးအကြီးဆုံး ကတော့ သူတို့ဟာ ပြည်သူတွေရဲ့ အသက်ကို အရေးအကြီးဆုံးအဖြစ် ကိုင်တွယ်လုပ်ဆောင်တာဖြစ်ပြီးသိပ်ကို လေးစားဖို့ကောင်းပါတယ်။ ဟောဆန်ဆန်းဆေးရုံတည်ဆောက်ရေးဗီဒီယို က ကျွန်မတို့ကို ခွန်အားတွေအများကြီးဖြစ်စေပါတယ်။ ကျွန်မတို့လည်းပြီးအောင်လုပ်နိုင်တယ်ဆိုတာ ဗီဒီယိုက ညွှန်ပြနေသလိုပါပဲ။ဟောဆန်ဆန်းဆေးရုံကြီးဟာ အချိန်တိုလေးအတွင်းမှာပြီးစီးတယ်ဆို ဟောင်ကောင်ကလည်းဒီလိုလုပ်နိုင်စွမ်းရှိပါတယ်။ ဒီလိုကနေကျွန်မတို့ဆေးရုံကိုတည်ဆောက်ဖို့ အင်အားတွေဖြစ်စေပါတယ်” ဟုဆိုသည်။

HKICC သည် ဟောင်ကောင်ဒေသတွင် COVID-19 တိုက်ဖျက်ရန် ဗဟိုအစိုးရက ထောက်ပံ့ပေးခဲ့သည့် စီမံကိန်း ၃ ခု အနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် ဖွင့်လှစ်ခဲ့သည်။

ဟောင်ကောင်ကူးစက်ရောဂါ ထိန်းချုပ်ရေးစင်တာ တွင် နှစ်ထပ်အဆောက်အဦ ၆ လုံးပါဝင်ပြီး စင်တာအတွင်း၌ သီးသန့်ကုတင်စုစုပေါင်း ၈၁၆ လုံး ပါဝင်သည်။

စင်တာတွင် အကြောဆေးသွင်းခြင်းနှင့် အောက်ဆီဂျင် ကုထုံးများကိုလည်း ဆောင်ရွက်ပေးရာ ၎င်းမှာ ပြည်သူ့ဆေးရုံများတွင် သီးသန့် လူနာကုတင်လိုအပ်ချက်များအား လျှော့ချပေးနိုင်သည်။ ထို့အပြင် သီးသန့်ခွဲထားသည့် ဆေးရုံ အဆောင် အဆောက်အဦ ၆ ခု ကိုလည်း ကူးစက်ရောဂါ အခြေအနေ အလိုက် အဆင့်ခွဲထားရာ လူအင်အား လိုအပ်ချက် နှင့် ဆေးကုသမှု အစီအစဉ် ဆောင်ရွက်မှု အခြေအနေများကို အတိုးအလျှော့ပိုမိုဆောင်ရွက်နိုင်ကြောင်းသိရသည်။

ပုံမှန်ဆေးစစ်ဆေးချက်များအပြင် စင်တာအတွင်းရှိ ဓါတ်ခွဲခန်း၌ ခေတ်မီစက်ကိရိယာများကိုဖြည့်တင်းထားရှိ ပြီး အလိုအလျှောက် ဓါတ်ခွဲစစ်ဆေးရေးကိရိယာများကိုတပ်ဆင်ထားသောကြောင့် တစ်ရက်လျှင် နမူနာပေါင်း ၁,၅၀၀ ကို အများဆုံး စစ်ဆေးပေးနိုင်သည့်အပြင် ပြည်သူ့ဆေးရုံများ၏ အလုံးစုံဓါတ်ခွဲခန်း ဝန်ဆောင်ကို ၁၅ ရာခိုင်နှုန်းအထိတိုးမြှင့်နိုင်ကြောင်းသိရသည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.