Connect with us

Videos

“အနုအလှ တရုတ်ပြည်က တူယှဉ်နွှဲကြ နွေဦးအလှ” အာရှခရီးစဉ် ပဒေသာကပွဲ မြန်မာနိုင်ငံ၌ ဖျော်ဖြေ တင်ဆက်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ)

“အနုအလှ တရုတ်ပြည်က တူယှဉ်နွှဲကြ နွေဦးအလှ” အာရှ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံ ၊ ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပသည့် ပဒေသာ ကပွဲတွင် အနုပညာရှင်ပေါင်းများစွာဖြင့် ဖျော်ဖြေ တင်ဆက် ခဲ့သည်။ ထိုပဒေသာ ကပွဲသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာနိုင်ငံ တရုတ် ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးမြင့်ရွှေ အပါအဝင် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များစွာ တက်ရောက် အားပေးခဲ့ကြသည်။

“အနုအလှ တရုတ်ပြည်က တူယှဉ်နွှဲကြ နွေဦးအလှ” အာရှ ခရီးစဉ် ပဒေသာ ကပွဲတွင် သမိုင်း အစဉ်အလာ ရှည်ကြာသည့် တရုတ်အမျိုးသား ယဉ်ကျေးမှု အနုပညာများကို ပေါ်လွင်စေသည့် ဖျော်ဖြေရေး အစီအစဉ်များ အဖြစ် “နွေဦးသစ်ကို ဂုဏ်ပြု ကြိုဆိုခြင်း” ှ အဆိုနှင့် အကများ ၊ ဗုံတီး၍ အက ဖျော်ဖြေ တင်ဆက်မှုများ ၊ မြန်မာ အမျိုးသမီးအကများ ၊ အမျိုးသမီး တပင်တိုင် အဆို ၊ အကများ ၊ မျက်လှည့် တင်ဆက်မှုများ ၊ အမျိုးသမီး အဖွဲ့လိုက် စုပေါင်း အက ဖျော်ဖြေ တင်ဆက်မှုများဖြင့် ကပြ ဖျော်ဖြေမှုများ ပြုလုပ်ခဲ့ရာ ပရိသတ်များ၏ အားပေးမှု များစွာ ရရှိခဲ့သည်။

“အနုအလှ တရုတ်ပြည်က တူယှဉ်နွှဲကြ နွေဦးအလှ” အာရှ ခရီးစဉ် ယဉ်ကျေးမှု အနုပညာ အဖွဲ့သည် ကမ္ဘာ့နိုင်ငံ အသီးသီးသို့လှည့်လည် ဖျော်ဖြေခဲ့သည်မှာ ၉ နှစ်တိုင် ရှိပြီ ဖြစ်ပြီး နှစ်စဉ် တရုတ်ရိုးရာ နွေဦး နှစ်သစ်ကူး ပွဲတော် မိသားစု ဆုံစည်းချိန်တွင် ယဉ်ကျေးမှု အနုပညာရှင် အဖွဲ့သားများသည် ပင်လယ်ရပ်ခြား နိုင်ငံများသို့သွားရောက်၍ တရုတ်နိုင်ငံ ပြည်သူ/သားများ၏ ချစ်ကြည် ရင်းနှီးစွာ နှစ်သစ် ဆုတောင်း စကားအား နိုင်ငံအသီးသီးရှိ မိတ်ဆွေများထံ ပို့ဆောင်ပေးခြင်း ဖြစ်ကာ ယခုတစ်ကြိမ်မှာ ယဉ်ကျေးမှု အနုပညာ အဖွဲ့သည် မြန်မာနိုင်ငံသို့ဒုတိယ အကြိမ် ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အနုအလှ တရုတ်ပြည်က တူယှဉ်နွှဲကြ နွေဦးအလှ” အာရှ ခရီးစဉ် ပဒေသာ ကပွဲအား တရုတ်ပင်လယ်ရပ်ခြား ဆက်ဆံရေး အသင်းမှ အဓိက စီစဉ်၍ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း နှင့် မြန်မာနိုင်ငံ တရုတ်လူမျိုး အလွှာစုံမှ ကြီးမှူး ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.