Connect with us

Videos

အာရှဖွံ့ဖြိုးရေး ဘဏ်မှ မြန်မာနိုင်ငံ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ချေးမည်

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံနှင့် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) တို့သည် ပုဂ္ဂလိက ကဏ္ဍ ဆိုင်ရာ မူဘောင် သဘောတူညီချက်ကို မေလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်၌ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် ADB ဒုတိယ ဥက္ကဌ စတီဗင် ဂရော့ဖ်တို့ လက်မှတ်ရေးထိုး ခဲ့ပါတယ်။
ထိုသဘောတူညီချက်အရ မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအတွက် ADB မှ ၂၀၁၆ မကုန်မီအထိ အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ထုတ်ချေးမည် ဖြစ်ကြောင်း ADB မှ ထုတ်ပြန်ခဲ့ပါသည်။
ADB ရဲ့ကြေညာချက်အရ ကုန်စည် ထောက်ပံ့ ပို့ဆောင်ရေးနှင့် ဆက်သွယ် ချိတ်ဆက်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် မြို့ပြ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဘဏ္ဍာရေး ကဏ္ဍနှင့် ကုန်သွယ်ရေး ကဏ္ဍ၏ ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများအတွက် ထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ (Xinhua)