Connect with us

Videos

တိုင်းရင်းသား အားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး အချက်မှအပNCA စာချုပ်ပါ အချက်အားလုံး သဘောတူညီမှုရရှိ

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

(၉)ကြိမ်မြောက် တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ၌ ယခင်ဆွေးနွေးပွဲတွင် ကျန်ရှိသည့် အချက် (၃)ချက်ကို ဆွေးနွေးခဲ့ပြီး စာချုပ်တွင် နှစ်ဖက်ခေါင်းဆောင်များ လက်မှတ်ရေးထိုးနိုင်ရေးနှင့် ပြည်တွင်း သက်သေများ ခေါ်ယူရေး၊ ပြည်ပသက်သေများ မည်သည့်အဖွဲ့များခေါ်ယူမည်ဆိုသည့်အရေးတို့ကို သဘော တူညီမှု ရရှိခဲ့သော်လည်း တိုင်းရင်းသား အားလုံးပါဝင် လက်မှတ်ရေးထိုးရေးအချက် နှင့်ပတ်သက်ပြီး ဆက်လက် ညှိနှိုင်းရန်လိုအပ်နေဆဲဖြစ် ကြောင်း ယနေ့ နှစ်ဖက်ခေါင်းဆောင်များ ဆွေးနွေးပွဲ အပြီး တရားဝင် ထုတ်ပြန်လိုက်သည်။
အဆိုပါ အချက်နှင့်ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်များဘက်မှ လာမည့် တစ်ပတ်အတွင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် တင်ပြထားကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် သမ္မတ တွေ့ဆုံပြီး နှစ်ပတ်အတွင်း ထပ်မံ ဆွေးနွေးမည်ကြောင်း တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့ (SD)မှ ဒုတိယ အဖွဲ့ခေါင်းဆောင် ပူးဇင်ကျုံးက ဆိုသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းကလည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအားလုံး ပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အစိုးရဘက်မှ နည်းလမ်းရှာဖွေပြီး ရှေ့ဆက်သွားရန် ဆန္ဒရှိကြောင်း သြဂုတ်လ ၆ ရက်နေ့ အဖွင့်မိန့်ခွန်းတွင် ပြောကြားထားခဲ့ပါသည်။
( ၉) ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ် ညှိနှိုင်း ဆွေးနွေးပွဲ ကို ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာတွင် သြဂုတ် ၆ရက်နေ့နှင့် ၇ရက်တို့တွင် ဆွေးနွေးခဲ့ကြပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.