Connect with us

Videos

တရုတ်-လာအို ရထားလမ်းက ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ကာ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို ပေးအပ်လျက်ရှိ

ဗီယင်ကျန်း ၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ)

အချိန်တစ်နှစ်ကြာ ပြေးဆွဲခဲ့ပြီး ဖြစ်သည့် တရုတ်-လာအို ရထားလမ်းသည် တရုတ်နှင့်လာအို ဝန်ထမ်းများအကြား ချစ်ကြည်ရင်းနှီးမှုအား နက်ရှိုင်းလာခဲ့ပြီး နိုင်ငံ နှင့် ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများပေးအပ်ခဲ့ကြောင်း သိရသည်။အဆိုပါရထားလမ်း၏ လာအိုလမ်းပိုင်းသည် လာအိုပြည်သူများအတွက် အလုပ်အကိုင် ၁၁၀,၀၀၀ ကျော် ဖန်တီးပေးခဲ့ပြီး ရထားလမ်းနှင့် ဆက်စပ်၍ အလုပ်လုပ်ကိုင်လိုသော အရည်အချင်းရှိသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ ပြောကြတဲ့ ဘာသာစကားက မတူညီတဲ့အတွက်ကြောင့် အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ နည်းနည်းခက်ခဲ့ပါတယ်။ကျွန်မတို့ရဲ့ တရုတ်လုပ်ဖော်ကိုင်ဖက်တွေက အရမ်းသဘောကောင်းကြပါတယ်။ အလုပ်လုပ်တဲ့အခါမှာ သိလိုတဲ့အရာတွေကို မဆိုင်းမတွဘဲနဲ့ ကျွန်မတို့ကို စိတ်ရှည်လက်ရှည်သင်ပေးပါတယ်။ အဲဒါက ကျွန်မ သဘောအကျဆုံးပါပဲ”ဟု လာအိုနိုင်ငံရှိ မီးရထားစက်ခေါင်းထိန်းသိမ်းရေး အင်ဂျင်နီယာ SIDA PHENGPHONGSAWANH က ပြောကြားခဲ့သည်။
မီးရထားစက်ခေါင်းထိန်းသိမ်းရေး အင်ဂျင်နီယာ Sida သည် ရထားမောင်းနှင်ခြင်း ၊ အချိန်ဇယားဆွဲခြင်း ၊ ထိန်းသိမ်းခြင်း နှင့် ရထားပြေးဆွဲခြင်းတို့နှင့်ပတ်သက်သည့် သင်တန်းများတွင် လာအိုသင်တန်းသား ၁,၀၀၀ ကျော်အနက်မှ တစ်ဦး ဖြစ်သည်။

“တရုတ်လူမျိုးတွေနဲ့ လုပ်ရတာက ပထမဆုံးအနေနဲ့ကတော့ သူတို့က အရမ်းအလုပ်ကြိုးစားကြတယ်လို့ ကျွန်တော် ထင်ပါတယ်။ ရထားနဲ့ ပတ်သက်ပြီးတော့ သိလိုတာတွေကို သူတို့က သင်ပေးပါတယ်။သူတို့က အလုပ်သမားတွေအားလုံးကို အလွန်စာနာမှုရှိပါတယ်”ဟု လာအိုနိုင်ငံ ရထားထွက်ချိန်ကြီးကြပ်သူ VILAXAY XAYLUANGSY က ပြောကြားခဲ့သည်။ပြီးခဲ့သည့်နှစ်မှစတင်ကာ ရထားလမ်း ပြေးဆွဲရေး လမ်းညွှန်ကူညီပေးရန် လာအိုနိုင်ငံသို့ တရုတ်နိုင်ငံမှ ကျွမ်းကျင်သူများအား စေလွှတ်ခဲ့ကြောင်း သိရသည်။

တရုတ်-လာအိုရထားလမ်းသည် တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် နှင့် လာအိုနိုင်ငံအား ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံအဖြစ်မှ ကုန်းတွင်းချိတ်ဆက်ဗဟိုချက်တစ်ခုအဖြစ် ၎င်းတို့ကိုယ်တိုင် ပြောင်းလဲရန် လာအိုနိုင်ငံ၏ မဟာဗျူဟာတို့အကြား ချိတ်ဆက်ပေးသည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.