Connect with us

Videos

တရုတ်နိုင်ငံအစိုးရမှ လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်း

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ)

“မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ပေးအပ်လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှု ပစ္စည်းများ ဇွန်လ ၁၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ သံမှူး Mr. Ouyang Daobing တို့ လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အပါအဝင် ဒေသများကို ပြင်းထန်စွာ ထိခိုက်ခဲ့သဖြင့် တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၏ လိုအပ်ချက်များအရ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများ ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117