Connect with us

Videos

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံ မုန်တိုင်းသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ထပ်မံပေးပို့လှူဒါန်း

ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ဒုတိယအကြိမ် ထပ်မံပေးပို့ လှူဒါန်းသည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများအား မြန်မာနိုင်ငံဘက်သို့ ဇူလိုင် ၂၁ ရက်တွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူများသည် ရန်ကုန်မြို့ မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၌ ကျင်းပပြုလုပ်သော လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက “တရုတ်ပြည်သူ့သမ္မတနိုင်ငံက ပထမတစ်ကြိမ် လေယာဉ်နဲ့ ပို့ခဲ့တာ ရှိတယ် ။ အခုက ဒုတိယတစ်ခေါက်ပေါ့။ ပေ ၄၀ ကွန်တိန်နာ ၁၁ လုံး နဲ့ ပေ ၂၀ ကွန်တိန်နာ ၁ လုံး အားလုံး ၁၂ လုံး ရောက်ရှိလာပြီးတော့ ပစ္စည်းတွေ အများကြီး ပါဝင်လာတာပေါ့ ။ ပြန်လည်ထူထောင်ရေးကိစ္စတွေမှာ အထောက်အကူပြုမယ့် ပစ္စည်းများကို လှူဒါန်းတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သင်္ဘောနဲ့ ရောက်ရှိလာတဲ့ ဒုတိယအကြိမ် လှူဒါန်းပွဲပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများအတွက် ယခုဒုတိယအကြိမ် ထပ်မံပေးပို့သည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများတွင် ခေါက်ဆွဲခြောက် ၊ မီးစက် ၊ ရေစုပ်စက် ၊ မိုးကာတဲ ၊ စောင် ၊ ခြင်ထောင် ၊ ခရီးဆောင်ဆိုလာမီးအိမ် ၊ ကလိုရင်းဒိုင်အောက်ဆိုဒ်ပိုးသတ်ဆေးပြား နှင့် ရေဆူပိုးသတ်ဆေးပြားတို့ အပါအဝင် တန်ချိန် ၁၉၀.၂၄၁ တန် ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁,၁၇၂,၀၆၈ ရှိကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် တရုတ်နိုင်ငံအစိုးရမှ ပေးပို့လှူဒါန်းသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုပစ္စည်းများသည် ဇွန် ၁၂ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.