Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ပင်လယ်ပြင်တွင် ရေနံတင်သင်္ဘောတစ်စီး မီးလောင်ပေါက်ကွဲခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ပင်လယ်ပြင်တွင် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းများကို ရွှေ့ပြောင်းပေးနေသော ကယ်ဆယ်ရေးသမားများအား သြဂုတ် ၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အင်ဒိုနီးရှားနိုင်ငံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ)

ဂျကာတာ၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

လူ ၂၁ ဦး တင်ဆောင်လာသော ရေနံတင် သင်္ဘောတစ်စီး ဘာလီကျွန်းပင်လယ်ပြင်တွင် မီးလောင် ပေါက်ကွဲခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း ရဲတပ်ဖွဲ့က သြဂုတ် ၇ ရက်၌ ပြောကြားခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၃ နာရီခန့်က ရေနံတင်သင်္ဘော Karangasem ခရိုင်ရှိ ကျွန်းတစ်ကျွန်းသို့ ရေနံတင် သင်္ဘော ရောက်ရှိလာချိန်တွင် “သင်္ဘောသားအချို့ စတိုခန်းကလာတဲ့ ပေါက်ကွဲသံကြားပြီးနောက် ရေနံတင်သင်္ဘောအတွင်း မှောင်မဲသွားတယ်။ သင်္ဘောသားတွေ သွားစစ်ဆေးကြည့်တော့ တချို့လူတွေ မီးလောင်နေတာ တွေ့ရတယ်”ဟု ဘာလီကျွန်း Karangasem ခရိုင် ရဲတပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေးဌာန အကြီးအကဲ Gede Sukadana က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အင်ဂျင်ခန်းအတွင်း မီးလောင်ကျွမ်းမှုကြောင့် ခဏအကြာတွင် ရေနံတင် သင်္ဘောပေါ်၌ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း Sukadana က ပြောကြားခဲ့သည်။ ပေါက်ကွဲမှုနှစ်ခုကြောင့် ရေနံတင်သင်္ဘောပေါ်ပါ လူ ၅ ဦး သေဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ၁၂ ဦးမှာမူ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း သိရသည်။
လက်ရှိတွင် ပေါက်ကွဲမှုဖြစ်ရသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

…………………………………
(Chinese Version)
一油轮在印尼巴厘岛海域起火爆炸致5死15伤
新华社雅加达8月7日电(记者陶方伟)印度尼西亚巴厘岛警方7日说,一艘载有21人的油轮当天在巴厘岛海域起火爆炸,造成5人死亡、15人受伤。
巴厘岛卡朗阿森县警察局公共关系部负责人格德·苏卡达纳在新闻发布会上说,当地时间凌晨3时左右,当油轮抵达卡朗阿森县一岛屿时,“一些船员听到杂物间传来爆炸声,随后油轮内一片漆黑。船员检查发现,一些人身上已经着火”。
苏卡达纳说,由于机房起火,不久后油轮又发生第二次爆炸。两次爆炸共造成油轮上5人死亡,另有3人重伤、12人轻伤,伤者已被送往医院接受治疗。
目前,爆炸原因正在调查中。(完)
图说:这张印尼国家搜救局提供的照片显示,8月7日,救援人员在巴厘岛海域转移爆炸事故遇难者遗体。