Connect with us

Asia

လာအိုနိုင်ငံတွင် တရုတ်လုပ်ငန်းမှ တည်ဆောက်ထားသော Nam Ou ရေအားလျှပ်စစ်စီမံကိန်း အပြည့်အဝလည်ပတ်

ဗီယင်ကျန်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ Power Construction Corporation of China (PowerChina) က တည်ဆောင်ထားသော Nam Ou River Cascade ရေအားလျှပ်စစ်စီမံကိန်း၏ စက်ရုံ ၇ ခုလုံး စွမ်းအင်လည်ပတ်မှု အပြည့်အဝ စတင်ဆောင်ရွက်ရေး အခမ်းအနားကို စက်တင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။Nam Ou စီမံကိန်းက လာအိုနိုင်ငံရှိ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော ကူညီထောက်ပံ့မှုတစ်ခုဖြစ်မည့် သန့်ရှင်းသောစွမ်းအင်စီမံကိန်းပမာဏအမြောက်အများအဖြစ် လျှပ်စစ်စွမ်းအင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု၌ မဟာဗျူဟာမြောက် အရေးပါမှုအဖြစ် ပါဝင်လျက်ရှိကြောင်း လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး Daovong Phonekeo က အခမ်းအနား၌ ပြောကြားခဲ့သည်။

PowerChina အင်ဂျင်နီယာများသည် COVID-19 ကူးစက်ရောဂါနှင့် အခြားအခက်အခဲများ၏ သက်ရောက်မှုများကို ကျော်လွှားနိုင်ခြင်းနှင့် တာဝန်ယူစိတ်မြင့်မားစွာဖြင့် စီမံကိန်းတစ်ခုလုံး တည်ဆောက်ရေး အောင်မြင်စွာ ပြီးစီးခြင်းအတွက် လာအို ဝန်ကြီးက ချီးကျူးပြောကြားခဲ့သည်။ အဖွဲ့အစည်းများအားလုံးအနေဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများအားလုံး ဘေးကင်း တည်ငြိမ်စွာ လည်ပတ်နိုင်စေရန် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုအား ထိန်းသိမ်းသွားမည်ဟု ၎င်းက မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

Nam Ou စီမံကိန်းသည် နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ချိန်ညှိမှုနှင့် နှစ်နိုင်ငံကြား ပြည့်စုံသော အကျိုးကျေးဇူးများ နားလည်သဘောပေါက်မှု၏ အရေးပါသော ထင်ဟပ်မှုတစ်ခုဖြစ်ကြောင်း Luang Prabang မြို့ရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် Li Zhigong က မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ စီမံကိန်းက ဖွံ့ဖြိုးဆဲဒေသစီးပွားရေးနှင့် ပြည်သူများ၏ အသက်မွေးမှု အခြေခံကိုထိန်းသိမ်းပေးသလို လာအိုနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုလျော့ပါးရေး ဖြေရှင်းရာတွင်လည်း အထောက်အကူပြုကြောင်း ၎င်းက ပြောခဲ့သည်။

တစ်ချိန်တည်းမှာပင် စီမံကိန်းသည် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အယူအဆကို အလေးအနက်ထား အကောင်အထည်ဖော်လျက်ရှိသလို လာအိုနိုင်ငံ၏ စက်မှုလုပ်ငန်း၊ ခေတ်မီခြင်းနှင့် သီးခြားဖွံ့ဖြိုတိုးတက်မှု အဆင်ပြေချောမွေ့စေရန် တရုတ်နိုင်ငံ သံတမန်က ပြောကြားခဲ့သည်။

ထို့ပြင် PowerChina အထွေထွေမန်နေဂျာ Wang Bin ကလည်း Nam Ou စီမံကိန်းသည် အပေါ်ပိုင်းတွင် အကြီးဆုံး ရေလှောင်ကန်တစ်ခုသာ တည်ဆောက်ထားသည့် ရေတံခွန်ပုံစံ ရေအားလျှပ်စစ်စက်ရုံ ၇ ခုအဖြစ်သို့ ပိုင်းခြားထားကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၏ ဂေဟဗေဒ၊ လူမှုရေးနှင့် စီးပွားရေး ပန်းတိုင်များ ရောက်ရှိရန် ကြီးမားစွာ အထောက်အကူပြုလျက်ရှိကြောင်း ပြောခဲ့သည်။

လျှပ်စစ်စွမ်းအင်လည်ပတ်ခြင်း အခမ်အနားအား PowerChina ၏ ပေကျင်းရုံး၊ Nam Ou ရေအားလျှပ်စစ်စက်ရုံ လည်ပတ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးစင်တာနှင့် လာအို မြောက်ပိုင်းရှိ နောက်ဆုံးပြီးစီးခဲ့သော Nam Ou 7 ရေအားလျှပ်စစ်စက်ရုံတို့က ဗီဒီယိုကွန်ဖရင့်ဖြင့် တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

Nam Ou မြစ် ရေတံခွန်ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အောက်တွင် PowerChina က ဖော်ထုတ်ထားခြင်းဖြစ်ပြီး လာအိုနိုင်ငံရှိ မြစ်ဝှမ်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများ ရရှိရန် ပထမဆုံး တရုတ်ကုမ္ပဏီမှ လုပ်ကိုင်သော စီမံကိန်းလည်း ဖြစ်ကာ တရုတ်နှင့် လာအို အစိုးရများနှင့် ပြည်သူများဖြင့် တန်ဖိုးမြင့်မြင့်ထားလျက်ရှိကြောင်း သိရသည်။

လာအိုနိုင်ငံတွင် မဲခေါင်မြစ်၏ အကြီးမားဆုံးမြစ်လက်တက်လည်း ဖြစ်သော Nam Ou မြစ်ပေါ်တွင် တည်ဆောက်ထားသော စီမံကိန်းအား လျှပ်စစ် ကီလိုဝပ် ၁.၂၇၂ သန်း တပ်ဆင်ထားကာ နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ထုတ်လွှတ်မှုမှာ တစ်နာရီလျှင် ကီလိုဝမ် ၅ဘီလီယံခန့် ရှိကြောင်း သိရသည်။

တရုတ်ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ဒေါ်လာ ၂.၈ ဘီလီယံခန့်ရှိသော Nam Ou စီမံကိန်းမား ၂၉ နှစ်ကြာ လုပ်ငန်းလည်ပတ်ပြီးနောက် လာအိုအစိုးရထံသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………
(English Version)

Nam Ou hydropower project developed by Chinese firm in Laos starts full operation

VIENTIANE, Sept. 29 (Xinhua) — A ceremony was held here on Tuesday to start the full power generation of all seven plants of the Nam Ou River Cascade Hydropower Project developed by Power Construction Corporation of China (PowerChina).

Lao Minister of Energy and Mines Daovong Phonekeo said at the ceremony that the Nam Ou project bears strategic significance in the country’s power industry development as a large-scale clean energy project that will make an important contribution to the economic and social development in Laos.

The Lao minister praised PowerChina engineers for overcoming the impacts of the COVID-19 epidemic and other difficulties and successfully completing the construction of the whole project in a highly responsible manner. He hoped that all parties will maintain close cooperation to ensure the safe and stable operation of all the power stations.

Li Zhigong, Chinese consul general in Luang Prabang, said in his speech that the Nam Ou project is an important manifestation of the alignment of both countries’ development strategies and the realization of complementary advantages between China and Laos.

The project adheres to the principle of developing local economy and the people’s livelihood, and helping address poverty alleviation in Laos, he said.
At the same time, the project earnestly implements the concept of green development, so as to facilitate Laos’ industrialization, modernization and independent development, said the Chinese diplomat.
Wang Bin, general manager of PowerChina, said that the Nam Ou project is divided into seven cascade hydropower plants with only the upper one built with a big reservoir, which largely helps achieve ecological, social and economic goals of the development.

The power generation ceremony was held simultaneously by video conference in PowerChina’s Beijing office, its Nam Ou operation and maintenance center in Luang Prabang, and its last-completed Nam Ou 7 hydropower plant in northern Laos.

The Nam Ou river cascade hydropower project, developed by PowerChina under the China-proposed Belt and Road Initiative and also the first Chinese company-run project to win the development rights of a whole river basin in the country, is highly valued by Chinese and Lao governments and people.

The project, on the Nam Ou river which is also the largest tributary of the Mekong river in Laos, was developed in two phases, with a total installed capacity of 1.272 million kilowatts and an average annual generating capacity of about 5 billion kilowatt-hours.

The Nam Ou project, with a total investment of around 2.8 billion dollars from the Chinese company, will be transferred to the Lao government after 29 years’ operation. Enditem

Photo taken on Dec. 25, 2019 shows the hydropower station where the first power generation unit of Nam Ou River Cascade Hydropower Project’s second phase was installed in Luang Prabang, Laos. (Photo by Kaikeo Saiyasane/Xinhua)