Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က ထီးနန်းဆက်ခံခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာ ဗြိတိန်ဘုရင် ချားလ်စ် III ထံ ပေးပို့

ပေကျင်း ၊ စက်တင်ဘာ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ဗြိတိန်ထီးနန်းဆက်ခံခြင်းနှင့်ပတ်သက်၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာအား ဘုရင်ချားလ်စ် III ထံသို့ စက်တင်ဘာ ၁၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။ယခုနှစ်သည် နှစ်နိုင်ငံအကြား သံအမတ်အဆင့်ဆိုင်ရာ သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ ပြည့်မြောက်သည့်နှစ်ဖြစ်ကြောင်း သမ္မတရှီက ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှု နှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေး ၊ အပြန်အလှန်အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှု နှင့် ချစ်ကြည်ရင်းနှီးသောဖလှယ်မှုများ တိုးချဲ့ရေးနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆက်သွယ်ရေး အားကောင်းစေရေးအတွက် ဘုရင် ချားလ်စ် III နှင့်အတူ ဆောင်ရွက်ရန်အသင့်ရှိကြောင်း၊ သို့မှသာ နှစ်နိုင်ငံနှင့် ၎င်းတို့၏ ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သလို ကမ္ဘာ့ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua) xhtxs.cn/zBz

——————————-

Xi congratulates King Charles III on accession to British throne
BEIJING, Sept. 11 (Xinhua) — Chinese President Xi Jinping on Saturday sent a congratulatory message to King Charles III on his accession to the British throne.
Xi pointed out that this year marks the 50th anniversary of the establishment of diplomatic relations between the two countries at the ambassadorial level.
The Chinese president said he is ready to work with King Charles III to enhance mutual understanding and friendship between people of the two countries, expand friendly exchanges and mutually beneficial cooperation, and strengthen communication on global issues, so as to bring benefits to the two countries and their people and contribute to world peace and development. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.