Connect with us

Politics & Security

ဗီယက်နမ်သမ္မတသစ် အဖြစ် Tran Dai Quang အရွေးခံရ

ဗီယက်နမ်နိုင်ငံ သမ္မတရွေးချယ်ပွဲတွင် Tran Dai Quang ( ဝဲ-အစွန်ဆုံး ) မဲပေးနေပုံအားတွေ့ရစဉ် ( ဆင်ဟွာ )

ဟနွိုင်း၊ဧပြီ ၂ ရက် ( ဆင်ဟွာ )

ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော်က Tran Dai Quang အား နိုင်ငံတော်သမ္မတအဖြစ် ၂ဝ၁၆ ခုနှစ် ဧပြီလ ၂ ရက်တွင် ရွေးချယ်တင် မြှောက်လိုက်ကြောင်း သိရသည်။

၁၃ ကြိမ်မြောက် အမျိုးသားလွှတ်တော် ၊ ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ဗီယက်နိုင်ငံ သမ္မတရာထူး အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ Quang က စုစုပေါင်း မဲပေးခွင့်ရှိသူ ၄၈၁ ဦးအနက် ထောက်ခံမဲ ၄၅၂ မဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Quang သည် ၂ဝ၁၁ ခုနှစ် မှစတင်ကာ ဗီယက်နမ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

၂ဝ၁၆ ခုနှစ် မတ်လ ၃၁ ရက်က ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသစ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ အမျိုးသမီးလွှတ်တော်အမတ် Nguyen Thi Kim Ngan သည် လွှတ်တော်ဥက္ကဋ္ဌ ရာထူးလက်ခံပြီးပြီးခြင်းမှာပင် နိုင်ငံတော်သမ္မတလောင်း အမည် စာရင်းကိုထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ သမ္မတလောင်း အမည်စာရင်းတွင် ဗီယက်နမ်ကွန်မြူနစ်ပါတီ (၁၂) ကြိမ်မြောက်ညီလာခံ ( CPVCC ) ၏ ဗဟိုကော်မတီဝင် ဖြစ်သူ ၊ CPVCC ပေါ်လစ်ဗြူရိုအဖွဲ့ဝင် နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Tran Dai Quang သည်ထိပ်ဆုံးမှ အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် Quang က “ နိုင်ငံတော်အလံ ၊ လွှတ်တော်နှင့် မဲဆန္ဒရှင်ပြည်သူများ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပါသည်။ နိုင်ငံတော်၏ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ပြည်သူပြည်သားများ နှင့် နိုင်ငံတော်အပေါ်တွင် သစ္စာစောင့်သိရိုသေပြီး၊ နိုင်ငံ နှင့် လူမျိုးအတွက် အကောင်းဆုံး စွမ်းဆောင်သွားပါမည် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ၏ ဒုတိယသမ္မတအဖြစ် Truong Tan Sang က ရွေးချယ်ခံထားရသည်။ ၎င်းသည်
ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPVCC ) ၏ အဖွဲ့ဝင်သစ် ၂ဝဝ ထဲတွင် ရွေးချယ်ခံထားရခြင်းမရှိ သေးပေ။ ဇန်နဝါရီလ နောက်ပိုင်းထိ၂ဝ၁၆ ခုနှစ် မတ်လ အစောပိုင်းတွင် ကျင်းပခဲ့သည့် ၁၂ ကြိမ်မြောက် CPVCC ညီလာခံတွင် ပါတီ ခေါင်းဆောင် Nguyen Phu Trong က ပါတီအတွင်း သွေးသစ်လောင်းရန် လိုအပ်နေပြီဖြစ်ကြောင်း နှင့် အဓိက ခေါင်းဆောင်နေရာ အတွက် အစားထိုး ပြောင်းလဲမှုများ ရှိလာနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua )