Connect with us

Politics & Security

ဗီယက်နမ်နိုင်ငံတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးတွေ့ရှိ

ဗီယက်နမ်နိုင်ငံ ဆင်ခြေဖုံးရပ်ကွက်များတွင် ဇီကာဗိုင်းရပ်စ် ကြိုတင် ကာကွယ် နှိမ်နင်းရေး အတွက် ခြင်ဆေးဖြန်းနေပုံ ( ဓာတ်ပုံ - အင်တာနက် )

ဟနွိုင် ၊ ဧပြီ ၅ ရက် ( ဆင်ဟွာ )

ဗီယက်နမ် နိုင်ငံတောင်ပိုင်း Khanh Hoa ပြည်နယ် နှင့် ဟိုချီမင်းမြို့တော် များတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ တစ်ဦးစီ အသီးသီးတွေ့ရှိရကြောင်း ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာန ၂ဝ၁၆ ခုနှစ် ဧပြီလ ၅ ရက်တွင် သတင်း ထုတ်ပြန်သည်။

ပထမဦးဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူမှာ Khanh Hoa ပြည်နယ် Nha Trang မြို့မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးဖြစ်ကြောင်း VNExpress အွန်လိုင်း သတင်းစာ မျက်နှာတွင် ရေးသား ဖော်ပြထားသည်။ အဆိုပါ အမျိုးသမီးကြီးသည် ၂ဝ၁၆ ခုနှစ် မတ်လ ၂၆ ရက်တွင် အဖျားရောဂါ စတင် ခံစားခဲ့ရပြီး ခေါင်းကိုက်ခြင်း ၊ ခြေထောက် နှစ်ဖက်စလုံးတွင် အဖုအပိန့်များထွက်လာခြင်း နှင့် မျက်လုံးနှစ်ဖက် ပန်းရောင်သန်း၍ ရောင်ရမ်းလာခြင်း စသည့် ဝေဒနာများ ခံစားခဲ့ရသည်ဟု ဆိုသည်။

ထိုဝေဒနာများကို နေအိမ်တွင် ၂ ရက်မျှ ဆေးကုသမှု ခံယူခဲ့သော်လည်း သက်သာလာခြင်း မရှိသည့်အတွက် အမျိုးသမီးကြီးအား နီးစပ်ရာ Khanh Hoa ဆေးရုံသို့ပို့ဆောင်ခဲ့၍ ဆေးကုသမှု ခံယူစေခဲ့သည်ဟု ဆိုသည်။ ထို့နောက် Nha Trang Pasteur အင်စတီကျူ့၏ ဆေးစစ်ချက်အရ မတ်လ ၃၁ ရက်တွင် ၎င်းတွင် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက် ခံထားရကြောင်း အတည်ပြု နိုင်ခဲ့သည်။

အဆိုပါ ဆေးစစ်ချက်များကို နောက်ပိုင်းတွင် ဟနွိုင်မြို့အခြေစိုက် ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေး အမျိုးသား အင်စတီကျူ့(NIHE ) သို့လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ NIHE ၏ ထပ်မံ စစ်ဆေးချက်များ အရ အဆိုပါ အမျိုးသမီးကြီးမှာ ဇီကာဗိုင်းရပ်စ်ပိုး အကူးစက် ခံထားရကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့အတူ ဗီယက်နမ် နိုင်ငံတောင်ပိုင်း ဟိုချီမင်းမြို့တော်တွင် အသက် ၃၃ နှစ်အရွယ်ရှိ နောက်ထပ် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ အမျိုးသမီး တစ်ဦး ကို ထပ်မံတွေ့ရှိထားသည်ဟု ဆိုသည်။ ၎င်းအမျိုးသမီးသည် ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်တွင် အဖျားရောဂါ စတင်ခံစားရပြီး မျက်လုံးများ ယောင်ယမ်းခြင်း နှင့် မောပန်း နွမ်းနယ်ခြင်း လက္ခဏာရပ်များကို အလားတူ ခံစားခဲ့ရကြောင်း သိရသည်။ ထိုနေ့မှာပင် လူနာကို ခရိုင် အထွေထွေ ရောဂါကု ဆေးရုံသို့ပို့ဆောင်၍ ဆေးကုမှု ခံယူစေခဲ့ကြောင်း နှင့် ဆေးစစ်မှုများ အရ ၎င်းအမျိုးသမီးငယ်သည် လည်း ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ သည်မှာ သေချာကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်တွင် ထုတ်ပြန်သော NIHE ၏ နောက်ဆုံး ဆေးစစ်ချက် အဖြေတွင်လည်း ၎င်းသည် ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည်ဟု ထပ်မံ အတည်ပြု ခဲ့ကြောင်းသိရသည်။ ( Xinhua )

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117