Connect with us

Politics & Security

မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံ အစည်းအဝေးပွဲများအား ဗီယက်နမ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

၃၄ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးပွဲ (ASOD) အားတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ဗီယက်နမ်အစိုးရ က ၂၀၁၇နှစ်တွင် ကျင်းပမည့် ၃၈ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးပွဲ (ASOD) နှင့် ၂၀၁၈ခုနှစ်တွင် ကျင်းပမည့် ၆ ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးပွဲ (AMMD) အား ဗီယက်နမ်နိုင်ငံ အများပြည်သူလုံခြုံရေး ဝန်ကြီးဋ္ဌာန က လက်ခံကျင်းပပေးသွားရန် သဘောတူခဲ့ကြောင်း အစိုးရရုံးက အောက်တိုဘာ ၂၄တွင် ထုတ်ပြန်ခဲ့သည်။

အများပြည်သူလုံခြုံရေး ဝန်ကြီးဋ္ဌာန သည် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ အလုပ်သမားဝန်ကြီးဋ္ဌာန၊ လူမှုဝန်ထမ်းဦးစီးဋ္ဌာန ၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနတို့နှင့် ညှိုနှိုင်းဆောင်ရွက်သွားမည့်အပြင် သင့်လျော်သည့် အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာများနှင့် ပူးပေါင်းကာ အစည်းအဝေးပွဲများ လက်ခံကျင်းပနိုင်ရန် ပြင်ဆင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) သည် စတင်တည်ထောင်ခါစ အဖွဲ့ဝင်ငါးနိုင်ငံတည်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများ စတင်ဆောင်ရွက်ခဲ့ကတည်းက မူးယစ်ဆေးဝါးတရားမဝင်သုံးစွဲမှု နှင့် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်များအပေါ် ဒေသတွင်းနိုင်ငံများ၏စုပေါင်းတုံ့ပြန်မှုများကို ထောက်ခံခဲ့ကြောင်း သိရသည်။

မကြာသေးမီကာလများအတွင်း အာဆီယံ က မူးယစ်ဆေးဝါးတရားမဝင်သုံးစွဲမှု နှင့် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်များ၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်း အား အမြန်ဆုံး အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၀ခုနှစ် အာဆီယံမျှော်မှန်းချက် အကြောင်း ဆွေးနွေးခဲ့သည့် ၁၉၉၇ခုနှစ် ဒုတိယအကြိမ်မြောက် အာဆီယံအလွတ်သဘော ထိပ်သီးအစည်းအဝေးပွဲ ၌ အာဆီယံနိုင်ငံခေါင်းဆောင်များက အရှေ့တောင်အာရှ တွင် မူးယစ်ဆေးဝါးကင်းစင်ရေး၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ခြင်း၊ အသုံးပြုခြင်းများ ကင်းစင်ရေး အကြံဉာဏ်အား ပထဆုံးအကြိမ်အဖြစ် မိတ်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.