Connect with us

Business

မြန်မာ့ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်း နီးပါးအထိ မြင့်တက်လာ

ရွှေဆိုင်တစ်ဆိုင်တွင် ခင်းကျင်းထားသည့်ရွှေထည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေတစ်ကျပ်သားလျှင် ၁,၅၈၈,၀၀၀ကျပ် မှ ၁,၆၉၈,၀၀၀ ကျပ် အထိ အထိ ၅ ရက်အတွင်း ကျပ် ၁၁၀,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်းနှင့်၊ မြန်မာ့ရွှေဈေးကွက်တည်ငြိမ်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာသို့ သြဂုတ် ၁၆ ရက်တွင်ပြောသည်။

“ကမ္ဘာ့ရွှေဈေးရော၊ ပြည်တွင်းကဒေါ်လာဈေးရော တက်တယ်။ ဒါကြောင့်ရွှေဈေးတက်တာပါ။ ကမ္ဘာ့ရွှေဈေးပြုတ်ကျရင်တော့ ရွှေဈေးပြန်ကျမှာပါ။ ကမ္ဘာမှာလည်း ကမ္ဘာ့ရွှေဈေးက အရမ်းတက်နေတယ်။ လက်ရှိရွှေဈေးကိုထိန်းသိမ်းဖို့ အတွက် အသင်းမှာ လူ၁ဦးကို ရွှေတစ်ပိုင်း၊ နှစ်ပိုင်းလောက်ပဲ အရောင်းအဝယ်လုပ်ခိုင်းနေပါတယ်’’ ဟု ဦးမျိုးမြင့်က ပြောသည်။

သြဂုတ် ၁၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စ ၁၇၃၀ ဒေါ်လာရှိပြီး၊ ပြည်တွင်းငွေကြေးလဲလှယ်နှုန်းတွင် အမေရိကန်တစ်ဒေါ်လာ ကို ၁၆၆၀ကျပ် ပေါက်ဈေးရှိခဲ့သည်။

၂၉လမ်း အောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော် က “လက်ရှိက ဒေါ်လာဝယ်လိုအား ပြည်တွင်းမှာ မြင့်တက်နေတာရော၊ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့်ရော မြန်မာ့ရွှေဈေးမြင့်တက်လာတာလို့ ထင်ပါတယ်။ ရွှေဈေးအတက်အကျကတော့ ခန့်မှန်းရခက်ပါတယ်။ တစ်ကျပ်သား ၁၇ သိန်းအထိတော့ အနိမ့်ဆုံးဖြစ်သွားနိုင်တယ်လို့ထင်ပါတယ်’’ ဟု ဆင်ဟွာသို့ပြောသည်။

သြဂုတ် ၁၆ ရက် ညနေဘက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို ၁၇၇၃ ဒေါ်လာ ၊မြန်မာ့ရွှေတစ်ကျပ်သား ကို ၁,၆၉၈၀,၀၀၀ ကျပ် ပေါက်ဈေးရှိခဲ့ပြီး၊ အမေရိကန်တစ်ဒေါ်လာကို ၁၇၈၀ ကျပ်ဈေးနှုန်းအသီးသီး ရှိခဲ့သည်။

လက်ရှိရွှေဈေးကွက်အတွင်း ရွှေဝယ်လိုအားမြင့်တက်လာသော်လည်း ရွှေကုန်ကြမ်းပြတ်သွားခြင်းမရှိကြောင်း ဦးမျိုးမြင့်ကဆိုသည်။ (Xinhua)

————————————
(Zawgyi Version)

ျမန္မာ့ေ႐ႊေဈး တစ္က်ပ္သားလွ်င္ က်ပ္ ၁၇ သိန္း နီးပါးအထိ ျမင့္တက္လာ

ရန္ကုန္၊ ၾသဂုတ္ ၁၆ ရက္ (ဆင္ဟြာ)

ျမန္မာ့ေ႐ႊတစ္က်ပ္သားလွ်င္ ၁,၅၈၈,၀၀၀က်ပ္ မွ ၁,၆၉၈,၀၀၀ က်ပ္ အထိ အထိ ၅ ရက္အတြင္း က်ပ္ ၁၁၀,၀၀၀ အထိ ေဈးျမင့္တက္ခဲ့ေၾကာင္းႏွင့္၊ ျမန္မာ့ေ႐ႊေဈးကြက္တည္ၿငိမ္ေရးအတြက္ ႀကိဳးစားေဆာင္႐ြက္လ်က္ရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ဆင္ဟြာသို႔ ၾသဂုတ္ ၁၆ ရက္တြင္ေျပာသည္။

“ကမာၻ႔ေ႐ႊေဈးေရာ၊ ျပည္တြင္းကေဒၚလာေဈးေရာ တက္တယ္။ ဒါေၾကာင့္ေ႐ႊေဈးတက္တာပါ။ ကမာၻ႔ေ႐ႊေဈးျပဳတ္က်ရင္ေတာ့ ေ႐ႊေဈးျပန္က်မွာပါ။ ကမာၻမွာလည္း ကမာၻ႔ေ႐ႊေဈးက အရမ္းတက္ေနတယ္။ လက္ရွိေ႐ႊေဈးကိုထိန္းသိမ္းဖို႔ အတြက္ အသင္းမွာ လူ၁ဦးကို ေ႐ႊတစ္ပိုင္း၊ ႏွစ္ပိုင္းေလာက္ပဲ အေရာင္းအဝယ္လုပ္ခိုင္းေနပါတယ္’’ ဟု ဦးမ်ိဳးျမင့္က ေျပာသည္။

ၾသဂုတ္ ၁၁ ရက္တြင္ ကမာၻ႔ေ႐ႊေဈး တစ္ေအာင္စ ၁၇၃၀ ေဒၚလာရွိၿပီး၊ ျပည္တြင္းေငြေၾကးလဲလွယ္ႏႈန္းတြင္ အေမရိကန္တစ္ေဒၚလာ ကို ၁၆၆၀က်ပ္ ေပါက္ေဈးရွိခဲ့သည္။

၂၉လမ္း ေအာက္ဘေလာက္ရွိ ေကာင္းစံေ႐ႊဆိုင္ပိုင္ရွင္ ဦးမ်ိဳးေက်ာ္ေက်ာ္ က “လက္ရွိက ေဒၚလာဝယ္လိုအား ျပည္တြင္းမွာ ျမင့္တက္ေနတာေရာ၊ ကမာၻ႔ေ႐ႊေဈးျမင့္တက္မႈေၾကာင့္ေရာ ျမန္မာ့ေ႐ႊေဈးျမင့္တက္လာတာလို႔ ထင္ပါတယ္။ ေ႐ႊေဈးအတက္အက်ကေတာ့ ခန႔္မွန္းရခက္ပါတယ္။ တစ္က်ပ္သား ၁၇ သိန္းအထိေတာ့ အနိမ့္ဆုံးျဖစ္သြားႏိုင္တယ္လို႔ထင္ပါတယ္’’ ဟု ဆင္ဟြာသို႔ေျပာသည္။

ၾသဂုတ္ ၁၆ ရက္ ညေနဘက္တြင္ ကမာၻ႔ေ႐ႊေဈးတစ္ေအာင္စကို ၁၇၇၃ ေဒၚလာ ၊ျမန္မာ့ေ႐ႊတစ္က်ပ္သား ကို ၁,၆၉၈၀,၀၀၀ က်ပ္ ေပါက္ေဈးရွိခဲ့ၿပီး၊ အေမရိကန္တစ္ေဒၚလာကို ၁၇၈၀ က်ပ္ေဈးႏႈန္းအသီးသီး ရွိခဲ့သည္။

လက္ရွိေ႐ႊေဈးကြက္အတြင္း ေ႐ႊဝယ္လိုအားျမင့္တက္လာေသာ္လည္း ေ႐ႊကုန္ၾကမ္းျပတ္သြားျခင္းမရွိေၾကာင္း ဦးမ်ိဳးျမင့္ကဆိုသည္။ (Xinhua)

ပုံစာ– ေ႐ႊဆိုင္တစ္ဆိုင္တြင္ ခင္းက်င္းထားသည့္ေ႐ႊထည္မ်ားအားေတြ႕ရစဥ္ (ဆင္ဟြာ)
#ေ႐ႊေဈး #ေဒၚလာ #ဦးမ်ိဳးျမင့္ #ဦးမ်ိဳးေက်ာ္ေက်ာ္ #ဆင္ဟြာ

#GoldPrice #Dollor #UMyoMyint #UMyoKyawKyaw #Xinhua #Myanmar #XinhuaMyanmar