Connect with us

China

တရုတ်သည် ၎င်း၏ အိမ်နီးချင်းများအား ခေတ်သစ် ပိုးလမ်းမကြီးတွင် တူညီသော အကျိုးစီးပွား အတွက် ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS)၌ မိန့်ခွန်းပြောနေစဉ် (ဆင်ဟွာ)

စင်ကာပူ၊ နိုဝင်ဘာလ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပိုးလမ်းမကြီး အစပျိုးမှုတွင် ၎င်း၏ အိမ်နီးချင်း နိုင်ငံများနှင့် တူညီသော ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ရရှိစေရန် အတွက် ဖက်စပ်လုပ်ဆောင် ဆန္ဒရှိပါကြောင်း တရုတ်သမ္မတ ရှီကျင့်ဖိန်မှ နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

ရှီမှ စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS)၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များသည် ပိုးလမ်းမကြီး အစပျိုးမှု အတွက် မူလ ပထမ ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်များ ဖြစ်ကြောင်းနှင့် ပိုးလမ်းမကြီး၏ အကျိုးရလဒ်များကို ဦးစွာ ခံစားသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်မှ အကြံပြုခဲ့သည့် ပိုးလမ်းမကြီး အစပျိုးမှုသည် ဖွံ့ဖြိုး တိုးတက်မှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် ပွင့်လင်း မြင်သာမှုတို့အတွက် ရင်းနှီးမြှုပ်နှံမှု တစ်ရပ် ဖြစ်ကြောင်း နှင့် ညှိနှိုင်းတိုင်ပင်မှု၊ ပေါင်းစည်းမှု၊ မျှဝေမှုတို့ကို အခြေခံသည့် အရည်အသွေးပြည့်ဝသော အပြန်အလှန် အကျိုးစီးပွား ဖြစ်ထွန်းမှုတို့၏ စရိုက် လက္ခဏာများပင် ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ရှီမှ နိုင်ငံများ နှင့် အဖွဲ့အစည်းပေါင်း ၆၀ ကျော် များမှလည်း တက်ကြွစွာ ပါဝင်မှု၏ အကျိုးစီးပွားများကို ထုတ်ဖော်ခဲ့ကြကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းမှု စီမံကိန်းများသာမက နိုင်ငံများစွာ ပူးပေါင်းမှု စီမံကိန်းများကိုလဲ အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် စင်ကာပူနိုင်ငံသို့ ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး အဆိုပါ ခရီးစဉ်သည် ဗီယက်နမ် ခရီးစဉ် အပြီး ၎င်း၏ အရှေ့တောင် အာရှ နိုင်ငံများ ခရီးစဉ်၏ ဒုတိယပိုင်းလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)