Connect with us

China

တရုတ်-အာဖရိက ကုန်သွယ်မှုသည် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံ အထိ ရောက်ရှိ

တရုတ်နိုင်ငံဆိုင်ရာ မဒါဂတ်စတာ သံအမတ်ကြီး ဗစ်တာစီ ကွန်နီနာ အား အစည်းအဝေး တစ်ခုတွင် မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာလ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နှင့် အာဖရိက နိုင်ငံများကြား ကုန်သွယ်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း ၁၀ ဆခန့် တိုးတက် လာခဲ့ပြီး စုစုပေါင်း အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၃၀၀ ဘီလီယံအထိ ရောက်ရှိလာကြောင်း ပေကျင်းတွင် နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် လေးကြိမ်မြောက် တရုတ်-အာဖရိက စက်မှု လုပ်ငန်းများဆိုင်ရာ ဖိုရမ် မှ အချက်အလက်များ အရ သိရသည်။

အာဖရိကနှင့် ကုန်သွယ်မှုသည် ၂၀၀၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံသာ ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၂၀ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း၊ တရုတ်အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၄၀၀ ဘီလီယံ အထိ တိုးတက်အောင် ကြိုးစားနေကြောင်း အငြိမ်းစား နိုင်ငံခြားရေး ဒုတိယဝန်ကြီး ရန်းဖူချန်း မှ အဆိုပါ ဖိုရမ်၏ အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြား ခဲ့သည်။

အာဖရိကနိုင်ငံ အများစုသည် ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်ပြီး စက်မှု လုပ်ငန်းပိုင်း ဆိုင်ရာများတွင် စတင် ဆောင်ရွက်သည့် အဆင့်တွင်သာ ရှိကြောင်း၊ ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် တရုတ်နိုင်ငံသည် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု၊ နည်းပညာပိုင်းနှင့် ရင်းနှီးမတည်ငွေ ကိစ္စရပ်များတွင် ပိုမို တိုးတက်လျက် ရှိကြောင်းနှင့် ယခုအချိန်သည် နှစ်ဖက်စလုံးအနေဖြင့် အဖက်ဖက်မှ စီးပွားရေး ပူးပေါင်း လုပ်ဆောင်မှုများကို စေ့စပ်ညှိနှိုင်း လုပ်ဆောင်ရန် အချိန်ကောင်း ဖြစ်ပါကြောင်း ရန်းဖူချန်း မှပြောကြားခဲ့သည်။

အာဖရိက သံတမန်ရေးရာ အုပ်စု အကြီးအကဲနှင့် တရုတ်နိုင်ငံ ဆိုင်ရာ မဒါဂတ်စကာ နိုင်ငံ သံအမတ်ကြီး ဗစ်တာ ဆီကွန်နီနာက အာဖရိက၏ ဂိတ်တံခါးအား တရုတ်နိုင်ငံအတွက် အမြဲဖွင့်ထားပါကြောင်း ပြောကြားခဲ့သည်။လွန်ခဲ့သော နှစ်များအတွင်း တရုတ်နိုင်ငံအတွင်း အာဖရိက စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများ သည်လည်း တိုးတက်လာပြီး ၂၀၁၂ ခုနှစ်အကုန်ပိုင်း တွင် အာဖရိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄.၂ ဘီလီယံ အထိ တိုးတက်လာကြောင်း စာရင်းဇယားများ အရသိရသည်။

ယခုနှစ် ဒီဇင်ဘာလ ပထမ အပတ်တွင် တရုတ်နှင့် တောင်အာဖရိက ကမကထပြုလုပ် ကျင်းပသော တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး အစည်းအဝေးအား ဂျိုဟန်နက်စ်ဘတ်မြို့တွင် ကျင်းပမည်ဖြစ်ပြီး ယခု အစည်းအဝေးသည် ဒုတိယ အကြိမ်ဖြစ်ကာ ပထမ အကြိမ် အစည်းအဝေးအား ၂၀၀၆ ခုနှစ်က ပေကျင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်သည် တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်ရေး ချောမွေ့စေရန် အတွက် အရေးပါပြီး အကျိုး သက်ရောက်မှု ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117