Connect with us

China

တရုတ်နိုင်ငံပိုင် လေကြောင်းကုမ္ပဏီ Air China အောက်တိုဘာလတွင် အာရှခရီးစဉ် လေးခု တိုးချဲ့ပြေးဆွဲမည်

တရုတ်နိုင်ငံပိုင် လေကြောင်းကုမ္ပဏီ Air China လေယာဉ် တစ်စီး (ဓာတ်ပုံ- Air China)

ပေကျင်း၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပိုင် အဲချိုင်းနား (Air China) လေကြောင်းလိုင်းသည် အောက်တိုဘာလတွင် အာရှ ခရီးစဉ်အသစ် လေးခု တိုးချဲ့ရန် ကြေညာထားပြီး မြို့တော် ပေကျင်းမှ တဆင့် တောင်နှင့် အရှေ့တောင် အာရှနိုင်ငံများသို့ ချိတ်ဆက် ပြေးဆွဲရန် ရှိပါသည်။

ပေကျင်း-မွမ်ဘိုင်း၊ အိန္ဒိယ လမ်းကြောင်းသည် အောက်တိုဘာလ ၂၅ ရက်တွင် စတင်ရန်ရှိပြီး အပတ်စဉ် လေယာဉ်လေးစီးဖြင့် ပြေးဆွဲပေးမည်ဖြစ်သည်။ ယင်းနေ့တွင်ပင် ပေကျင်းမှ ၊ မလေးရှား နိုင်ငံ ကွာလာလမ်ပူ ခရီးစဉ်များကိုလည်း အပတ်စဉ် လေယာဉ်လေးစင်းဖြင့် စတင် ပြေးဆွဲရန် ရှိပါသည်။

ပေကျင်းနှင့် ပါကင်စတန် ၊ ကရာချီ ခရီးစဉ်ကိုတော့ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ပြေးဆွဲရန်ရှိပြီး အပတ် စဉ် လေယာဉ် သုံးစင်းဖြင့် ပျံသန်းပြီး မြို့တော် အစ်စ်လမ်ဘတ်၌ ခရီးစဉ် အဆုံးသတ်ပါမည်။

အောက်တိုဘာလ ၂၇ ရက်နေ့ စတင်ပြေးဆွဲမည့် ပေကျင်းမှ ကိုလန်ဘို၊ သီရိလင်္ကာ ခရီးစဉ်များကိုတော့ လေယာဉ် သုံးစင်းဖြင့် အပတ်စဉ် ပျံသန်းမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.