Connect with us

Local

စိုက်ပျိုးရေ ပေးဝေနိုင်ရေး ရေလှောင်တမံ ၁၆၇ ခု၌ သိုလှောင်ရေ ဧကပေပေါင်း ၁၂.၅ သန်း ကျော်ခန့် သိုလှောင် ထား

ပဲခူးတိုင်းဒေသကြီး အတွင်း စပါး စိုက်ပျိုးနေသည့် တောင်သူလယ်သမားများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

ပြည်နယ်၊ တိုင်းဒေသကြီးများအလိုက် စိုက်ပျိုးရေ ပေးဝေနိုင်ရေး ရည်ရွယ် တည်ဆောက် ထိန်းသိမ်းထားသည့် ရေလှောင်တမံများတွင် ယခုနှစ်တွင် ရေလှောင်တမံ ၁၆၇ ခု၌ စက်တင်ဘာ ၂၀ ရက် အထိ သိုလှောင်ရေ ဧက ပေပေါင်း ၁၂.၅ သန်း ကျော်ခန့် သိုလှောင် ထားကြောင်း စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ရေလှောင်တမံများတွင် ယခင်နှစ်က ရေလှောင်တမံ ၁၄၇ ခု၌ သိုလှောင်ရေ ဧကပေပေါင်း ၁၀.၉ သန်း သိုလှောင် နိုင်ခဲ့သည့် အတွက် ယခင်နှစ်ထက် ဧကပေ ၁.၆ သန်း ကျော် ပိုမို သိုလှောင် ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ဆည်ရေသောက်ဧရိယာများအတွင်း ဆည်ရေပေးဝေ၍ စိုက်ပျိုးထားသော မိုးစပါးဧက ၁၂ သိန်းခန့် အောင်မြင် ဖြစ်ထွန်းသည်အထိ စိုက်ပျိုးရေ ပေးဝေလျက်ရှိနေ သည့်အပြင် ယခုနှစ်တမံများအတွင်း လက်ရှိ သိုလှောင် ထားသည့်ရေဖြင့် ယခင်နှစ်က ရေပေးဝေ စိုက်ပျိုးခဲ့သည့် နွေစပါးစိုက်ဧက (၉) သိန်းကျော်ထက် စိုက်ဧက (၃) သိန်းခန့် ပိုမိုတိုးချဲ့လျာထား ထားရှိပြီး၊ ဧက(၁၂) သိန်း စိုက်ပျိုးရန် ရေပေးဝေသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သီးနှံများ စိုက်ပျိုးရာတွင် စိုက်ပျိုးရေကို ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် လည်းကောင်း၊ ဈေးကွက်ဝင် သီးနှံများ ရွေးချယ်စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက် လည်းကောင်း၊ ဒေသအလိုက်၊ ကွင်းအလိုက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး စိုက်ပျိုးရန် သင့်လျော်သော သီးနှံပုံစံအတွဲများကို တောင်သူလယ်သမား အစုအဖွဲ့များ၊ သက်ဆိုင်ရာ စိုက်ပျိုးရေး ညှိနှိုင်းမှု အဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး၍ စိုက်ပျိုးထုတ်လုပ်သွားနိုင်ရန် လိုအပ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117