Connect with us

Local

ဒေါ်လာ လွှဲပြောင်းနိုင်ရန် ငွေကြေးခဝါချမှုဆိုင်ရာ နည်းဥပဒေများ လိုအပ်နေဟု နိုင်ငံခြားရေး ဒု ဝန်ကြီး တင်ပြ

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်တင် ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ဒေါ်လာငွေ လွှဲပြောင်းခြင်း၊ နိုင်ငံကြီးများမှ မြန်မာနိုင်ငံသို့ ဒေါ်လာငွေ လွှဲပြောင်းပေးပို့ခြင်းတို့တွင် အခက်အခဲ မရှိစေရေးအတွက် သက်ဆိုင်ရာ နည်း ဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ယနေ့ ပြည်ထာင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ အပေါ် ၂၀၀၄ ခုနှစ်က ချမှတ်ခဲ့တဲ့ USA Patriotic Act လို့ခေါ်တဲ့ ဥပဒေက ဆက်လက်တည်ရှိနေဆဲပါ။ အဲဒီဥပဒေအရ မြန်မာနိုင်ငံအနေနဲ့ကမ္ဘာ့နိုင်ငံများကို ဒေါ်လာဖြင့် ငွေလွှဲပြောင်းရာမှာ အခက်အခဲ အတားအဆီးများ ရှိနေဆဲပါ။ ဒီကန့်သတ်ချက်တွေ ပယ်ဖျက်နိုင်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ သက်ဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး လုပ်ထုံး လုပ်နည်း များ ထုတ်ပြန်ဖို့ လိုပါတယ်၊ နောက်ပြီး တရားမဝင်ငွေလွှဲမှု ဟွန်ဒီလုပ်ငန်းများကို စည်းမျဉ်း စည်းကမ်း များနဲ့အညီ ဆောင်ရွက်နိုင်ရန် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန် ဆောင်ရွက်ဖို့လိုအပ်နေကြောင်း တွေ့ရှိရပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ထိုကန့်သတ်ချက်များကြောင့် ပြည်ပရှိ မြန်မာနိုင်ငံသံရုံးများမှ ကောင်စစ်ဆိုင်ရာ ရငွေများ လွှဲပြောင်းပေးပို့မှုတွင် အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ပြီး ပြည်ပရှိ မြန်မာနိုင်ငံသံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွံဲ့ရုံး၊ ကောင်စစ်ဝန်ရုံး ၄၄ ရုံးရှိသည့်အနက် ၁၀ ရုံးတို့က ဘဏ္ဍာနှစ်အလိုက် အချိန်မီ ငွေ မလွှဲနိုင်သည်များ ရှိနေရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောခဲ့သည်။

“၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်အတွင်းမှာ ကျပ် ၇၈ ဒသမ ၄၁၅ ဘီလျံ လွှဲပို့နိုင်ခဲ့ပြီး လွှဲပို့ရန် ကျန်ငွေက ကျပ် ၆၇ ဒသမ ၆၈ ဘီလျံ ဖြစ်ပါတယ်။ လက်ရှိ ဘဏ္ဍာနှစ်အတွင်းမှာ သံရုံး ဆယ်ရုံးဖြစ်တဲ့ ကင်ဘာ ရာ၊ ဘန်ကောက်၊ ကိုင်ရို၊ ပါရီ၊ မဲလ်ဒရိတ်၊ ဝါရှင်တန်၊ အော်တဝါ၊ နယူးယောက်၊ လော့စ်အိန် ဂျလိစ် မြို့နဲ့ ဘရာဇီးလီးယား မြို့တို့မှအပ ကျန်တဲ့ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကနေ ပုံမှန် လွှဲပြောင်း ပေးပို့လျက်ရှိပါတယ်၊ လွှဲပြောင်းပေးပို့လို့ မရတဲ့ တချို့ သံရုံးများမှာ ငွေလုံးငွေရင်း အသုံးစရိတ်တွေ ကို ဒီကနေ ပေးပို့ခြင်း မလုပ်ဘဲ လုပ်ထုံး လုပ်နည်းနဲ့အညီ ကောင်စစ်ကောက်ခံ ရရှိငွေများမှ ခုနှိမ် သုံးစွဲခြင်း နည်းလမ်းကို လည်း ဆောင်ရွက်စေခဲ့ပါတယ်။ သံရုံး ၄၄ ရှိတဲ့အနက် ၁၀ ရုံးကလွဲပြီး ကျန်တဲ့ ရုံးတွေက ပုံမှန်လွှဲပို့ နေပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် Sanction ရုပ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ ရုပ်သိမ်းခြင်းသည် သမ္မတ၏ အမိန့်အရ ရုပ်သိမ်းခြင်းသာ ဖြစ်ပြီး အမေရိကန် လွှတ်တော်က ဥပဒေ အဖြစ် တားမြစ်ထားသည့် အချက်အလက်များ ကျန်ရှိနေသေးသဖြင့် တချို့သံရုံးများက ကောင်စစ် ဆိုင်ရာ ငွေများ လွှဲပြောင်းပေးပို့ဖို့ ခက်ခဲရခြင်း ဖြစ်ကြောင်း၊ ပြည်ပရှိ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ် အဖွံဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများသည် မိမိတို့ ကောင်စစ်ကောက်ခံ ရငွေများကို သီးခြားငွေစာရင်းများ ဖွင့်ပြီး စနစ်တကျ စာရင်း ရေးသွင်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။

“ဒါကြောင့် မြန်မာနိုင်ငံ သံရုံး၊ အမြဲတမ်း ကိုယ်စားလှယ်အဖွံဲ့ရုံး၊ ကောင်စစ်ဝန်ရုံးများကို မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှတစ်ဆင့် အသုံးစရိတ်များ လွှဲပို့ရာမှာလည်း ဒေါ်လာနဲ့ လွှဲပို့နိုင်ခြင်း မရှိသေးဘဲ ကြားခံ ဘဏ်မှတစ်ဆင့် ယူရိုငွေဖြင့် လွှဲပြောင်းပေးပို့လျက်ရှိပါတယ်။ ဒီလို ပေးပို့ ရတဲ့ အတွက် ဆုံးရှုံးမှုတွေဟာ ၀ ဒသမ ၃ ရာခိုင်နှုန်းလောက် ရှိတဲ့အပြင် အဆင့်ဆင့် လွှဲပို့ရတဲ့ ဘဏ်ဝန်ဆောင်ခတွေကလည်း သာမန်ထက်ပိုပြီးပေးနေရပါတယ်” ဟုလည်း ၎င်းက တင်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂၀)မှ ဒေါ်နော်လှလှစိုး မေးမြန်းသည့် “ပြည်ပရှိ မြန်မာ သံရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများက ကောက်ခံရရှိသော ကောင်စစ်ဘက်ဆိုင်ရာ ရငွေတွေကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ကို လွှဲပို့ရာမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကန့်သတ်မှု၊ ပိတ်ဆို့မှုများကြောင့် အပြည့်အ၀ လွှဲပြောင်း ပေးပို့နိုင်ခြင်း မရှိဘဲ သံရုံးများ၏ ယာယီငွေစာရင်းမှ ထိန်းသိမ်းထားခြင်းအတွက် တိုင်းပြည်ရဲ့ GDP နှင့် ဝင်ငွေများ လျော့နည်းနေခြင်းနှင့် ပတ်သက်ပြီး ငွေမလွှ့ဲပြောင်းနိုင်သည့် အကြောင်းရင်းကို အလေးထား စိစစ်ဆောင်ရွက်ပေးရန်” အကြံပြုချက်အပေါ် ၎င်းက ပြန်လည် ရှင်းလင်း တြေကြားရာတွင် လွှတ်တော်သို့တင်ပြခဲ့ခြင်း ဖြစ်ပြီး ကိုယ်စားလှယ် အကြံပြုသည့်အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်းလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117