Connect with us

Local

နိုင်ငံခြားကုမ္ပဏီများအား ကောက်ခံလျက်ရှိသော အသင်းဝင်ကြေးနှုန်းထား ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ ပြောင်းလဲကောက်ခံလျက်ရှိ

နိုင်ငံခြားကုမ္ပဏီများအား ကောက်ခံလျက်ရှိသော အသင်းဝင်ကြေးနှုန်းထားပြောင်းလဲမှု ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--UMFCCI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံခြားကုမ္ပဏီများအား ကောက်ခံလျက်ရှိသော အသင်းဝင်ကြေးနှုန်းထားကို ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်၍ ပြောင်းလဲကောက်ခံလျက်ရှိကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆင်ဟွာကိုပြောသည်။

အဆိုပါတာဝန်ရှိသူက “ကျွန်တော်တို့ အသင်းအနေနဲ့  အသင်းဝင်ကြေးကို လျှော့လိုက်တာပါ။ ကုန်သည်စက်မှုအသင်းချုပ်အနေနဲ့ မနေ့ကကြေညာချက်ထုတ်ပြန်ထားပါတယ်’’ ဟုပြောသည်။နိုင်ငံခြားကုမ္ပဏီများအား ကောက်ခံလျက်ရှိသော အသင်းဝင်ကြေးကိုကျပ် ၅၂၅,၀၀၀မှ ကျပ်၃၀၀,၀၀၀ ပြင်ဆင်လျှော့ချခဲ့ကြောင်း သိရသည်။ နှစ်စဉ်ကြေးကို ယခင် ၃နှစ်အစား ၁ နှစ်ချင်းစီပေးသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (ဗ-၁/၁၉-၂၂) အစည်းအဝေးဆုံးဖြတ်ချက်များအရ Doing Business Ranking တိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံခြားကုမ္ပဏီများအား ကောက်ခံလျက်ရှိသော အသင်းဝင်ကြေးနှုန်းထားကိုပြောင်လဲကောက်ခံခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117