Connect with us

Local

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပ

ကျောက်စိမ်းအရောင်းပြပွဲတွင် ခင်းကျင်း ပြသထားမှုများအား တာဝန်ရှိသူများ လိုက်လံ ကြည့်ရူနေစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲအား ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင် ကျင်းပခဲ့ပြီး ပြပွဲတွင် ကျောက်စိမ်းအတွဲရေ ၆၅၆ တွဲ ပါဝင်ပြသထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ကချင် ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ကျောက်မျက်/ ကျောက်စိမ်း ဈေးကွက် ပီပီပြင်ပြင် ပေါ်ပေါက် လာမည် ဆိုပါက ပြည်နယ်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုမည် ဖြစ်ကြောင်း၊ အမှန်တကယ်အရေးကြီးသည်မှာ ကျောက်မျက်အချောထည်၊ ပန်းချီ၊ ပန်းပုလုပ်ငန်း သင်တန်းကျောင်းများ ဖွင့်လှစ်သွားရန် လိုအပ်ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် ဖွင့်ပွဲ အခမ်းအနားတွင် အမှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။ 

ပြပွဲတွင် အနည်းဆုံး ကြမ်းခင်းစျေး (၁၀)သိန်းနှင့် ကြမ်းခင်းစျေး ကျပ်သိန်းတစ်ထောင်ကျော်ထိရှိကြောင်း ၊ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် တင်ဒါဖွင့်ဖောက်သွားမည်ဖြစ်ပြီး ၂၇ ရက်တွင် တင်ဒါအောင်မြင်သည့် စာရင်းကို ကြေညာပေးသွားမည်ဖြစ်ကာ ကြည့်ရက် အဖြစ် (၂၄၊ ၂၅၊ ၂၆) ရက် (၃)ရက် သတ်မှတ်ပေးထားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ကျောက်စိမ်းအရောင်းပြပွဲကို ကချင်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)မှ ကြီးမှူး ကျင်းပခဲ့ ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117