Connect with us

Local

မောင်တောမြို့နယ်ရှိ ကညင်ချောင်း စီးပွားရေးဇုန်အတွက် ဧက ၁၀၀ ထပ်မံတိုးချဲ့

ကညင်ချောင်းစီးပွားရေးဇုန်အတွင်းရှိ အဆောက်အအုံများအား တွေ့ရစဉ်(ဓာတ်ပုံ- ကုန်သည်စက်မှုအသင်းချုပ်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်ရှိ ယခင်ကုန်သွယ်ရေးဇုန် အဖြစ်လျာထား မြေဧရိယာ ၄၉ ဒသမ ၆ ဧကကို ကညင်ချောင်း စီးပွားရေးဇုန်အဖြစ် ပြောင်းလဲအကောင်အထည်ဖော်ရာတွင် ဧက ၁၀၀ ထပ်မံတိုးချဲ့ထားကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

လက်ရှိ ကညင်ချောင်းစီးပွားရေးဇုန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကွန်ကရစ်ဆိပ်ခံတံတား (၂) ခု၊ မြေသားချဉ်းကပ်လမ်း (၄၂၀) ပေ၊ ပင်မ ဆောက်အဦး RC (၁)ထပ် ကုန်စည် သိုလှောင်ရုံ နှင့် အရောင်းပြခန်းအလုံး(၂၀) တို့ကို တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျန်ရှိလုပ်ငန်းများဖြစ်သည့် ဇုံမြေအတွင်း ဧရိယာ ၄၉.၅၈ ဧကမြေဖို့ခြင်း ၊ မောင်တောသို့ (၁.၈) မိုင်ကို အမာခံ ကျောက်ချောလမ်း ဖောက်လုပ်ခြင်း ကုန်သွယ်ရေးဇုံအတွင်းရှိ လမ်းများ (၁.၅၅)မိုင်ကို အမာခံ ကျောက်ချောလမ်း ဖောက်လုပ်ခြင်း ၊ ကုန်သွယ်ရေးဇုံအား အုတ်တံတိုင်း (၁.၁၀) မိုင် ကာရံခြင်း ၊ ကုန်ချကွင်းနှင့် ကားပါကင် ကျောက်ဖြည့်ပြီး ကွန်ကရစ်ခင်းခြင်း၊ လုံခြုံရေးဝန်ထမ်းအဆောက်အဦ ၂ လုံး ဆောက်လုပ်ခြင်း ၊ အလုပ်သမား နားနေဆောင်နှင့် ဂိုဒေါင်ဆောက်လုပ်ခြင်း ၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးအတွက် ဓါတ်အားပေးစက် ဝါယာသွယ်တန်းခြင်းနှင့် ဓါတ်မီးတိုင်များ စိုက်ထူးခြင်း နှင့် ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခင် ကညင်ချောင်း စီးပွားရေးဇုန်ဆိပ်ကမ်းမှ မောင်တောမြို့သို့ ရေလမ်းဖြင့် ကုန်ပစ္စည်းများ တင်ပို့နိုင်ပြီး အကယ်၍ စီးပွားရေးဇုန် အတွင်း လမ်းများနှင့် မောင်တောမြို့ ဝန်းကျင်လမ်းများအား အဆင့်မြှင့်တင်ပြီးပါက ကုန်းလမ်းမှလည်း မောင်တောမြို့မှတဆင့် နယ်စပ်ကုန်သွယ်မှုကို တွင်တွင် ကျယ်ကျယ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ကညင်ချောင်း စီးပွားရေးဇုန်သည် မောင်တောမြို့၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ နတ်မြစ်နှင့် ကညင်ချောင်းဆုံသည့် နေရာတွင် တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ဆိပ်ကမ်းနှင့် ၄ မိုင်ခန့်သာ ကွာဝေးသည်။ ကညင်ချောင်းစီးပွားရေးဇုန်ရှိ ဆိပ်ခံတံတား ရေစူးအလွန်နက်သဖြင့် တန် ၁၀၀၀ ခန့်ထိ သင်္ဘောများ ရေတက်ရေကျ စောင့်ရန်မလိုဘဲ ၂၄ နာရီ ဆိုက်ကပ်နိုင်သည့် အခွင့်အလမ်း ကောင်းရှိသည်။မောင်တောဒေသ ကုန်သည်များနှင့် ရခိုင်ပြည်နယ် အစိုးရတို့၏ အစီအမံဖြင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို တည်ဆောက်ရန် စတင်စီမံဆောင်ရွက် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.