Connect with us

Local

မြန်မာ့ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်နိုင်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံသူများကြား ပွင့်လင်းမြင်သာ ယုံကြည်မှု ပိုမိုရရှိမည်

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်ချက် သတ်မှတ်နိုင်ရန် လုပ်ပိုင်ခွင့်စာလွှာ လက်မှတ်ရေးထိုးပွဲ (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်ချက် (Sovereign rating) သတ်မှတ်နိုင်ရန် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့နှင့် ငွေကြေးဆိုင်ရာ အဆင့် သတ်မှတ်ချက် လုပ်ငန်းစဉ်အတွက် အင်္ဂလန်နိုင်ငံ အခြေစိုက် Standard Chartered Bank နှင့် အမေရိကန်နိုင်ငံ အခြေစိုက် Citi Bank တို့မှ ပူးတွဲအကြံပေး ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်ချက် သတ်မှတ်နိုင်ရန် Standard Chartered Bank နှင့် Citi Bank တို့အကြား လုပ်ပိုင်ခွင့်စာလွှာ လက်မှတ် ရေးထိုးခြင်းကို ယမန်နေ့သြဂုတ်လ ၁၁ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဆက်အောင် ၊ Standard Chartered Bank ၏ ထိုင်းနိုင်ငံနှင့် မဟာမဲခေါင်ဒေသ ဆိုင်ရာ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဌ ဖြစ်သူ Ms.Lyn Kok နှင့် Citi ၏ ထိုင်း ၊ မြန်မာ ၊ ကမ္ဘောဒီးယား နှင့် လာအိုနိုင်ငံများဆိုင်ရာ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Darren Buckley က လုပ်ပိုင်ခွင့် စာလွှာတွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုသို့လက်မှတ် ရေးထိုးခဲ့သည့် လုပ်ပိုင်ခွင့် စာလွှာအရ ယင်းဘဏ်နှစ်ခုသည် မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ အဆင့် သတ်မှတ်ရန် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ရာတွင် အကြံဉာဏ်များ ပေးခြင်း ၊ နိုင်ငံတကာ အဆင့် သတ်မှတ်သည့် အေဂျင်စီများက အသုံးပြုသော လုပ်ထုံး လုပ်နည်းများနှင့် အညီ ပဏာမ အဆင့် သတ်မှတ်မှု ဆောင်ရွက်ခြင်း ၊ အဆင့် သတ်မှတ်သည့် အေဂျင်စီများနှင့် အစပျိုး ဆွေးနွေးခြင်း ၊ အဆင့်သတ်မှတ်ရေး လုပ်ငန်းစဉ်အတွက် အချိန်ဇယားနှင့် အစီအစဉ် အသေးစိတ် ပြုစုရာတွင် အကြံဉာဏ်ပေးခြင်း စသည့် ကိစ္စများကို အဓိက အကြံပေးဆောင်ရွက်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံအတွက် ငွေကြေးဆိုင်ရာ အဆင့် သတ်မှတ်နိုင်ခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ပွင့်လင်း မြင်သာမှု ပိုမို အားကောင်းလာနိုင်ပြီး နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများ၏ ယုံကြည်မှု ပိုမို ရရှိလာနိုင်ကြောင်း ၊ နောင်တစ်ချိန်တွင် အဆင့် တိုးတက်လာသည်နှင့် အတိုးနှုန်း သက်သာသည့် နိုင်ငံတကာ ချေးငွေများ လွယ်ကူစွာ ရရှိနိုင်မည် ဖြစ်သကဲ့သို့နိုင်ငံတကာ အရင်းအနှီး ဈေးကွက်မှ တဆင့် နိုင်ငံတကာ ချေးငွေ သက်သေခံ လက်မှတ်များ ရောင်းချပြီး အရင်းအနှီးများ ရယူနိုင်မည့် အခွင့်အလမ်းများ ရရှိလာနိုင်ကြောင်း ၊ ယခုအချိန်တွင် နိုင်ငံတကာ ချေးငွေ သက်သေခံ လက်မှတ်များ ရောင်းချရန် စီစဉ်ထားခြင်း မရှိသေးသော်လည်း နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ရရှိရန်နှင့် နိုင်ငံတကာ ဈေးကွက်တွင် ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာစေရန် အဓိက ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117