Connect with us

Local

သွင်းကုန်များအတွက်သာ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်

ကုန်သွယ်ရေးစခန်း၌ ပစ္စည်းတင်ပို့နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

Re-export စနစ်ဖြင့် ကုန်သွယ်မှုပြုလုပ်ရာတွင် သွင်းကုန်အတွက်သာ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ပေးဆောင်ရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

စီးပွားရေးလုပ်ငန်းများခက်ခဲနေချိန်တွင် အလယ်အလတ်ကုမ္ပဏီများ အတွက် သွင်းကုန်တွင် ကြိုတင်ခွန် ၂ ရာခိုင်နှုန်းနှင့် ပို့ကုန်တွင် ၂ ရာခိုင်နှုန်း ပေးသွင်း နေရခြင်းကြောင့် ငွေကြေး အခက်အခဲများဖြစ်ပေါ်နေ၍ အခွန်နှစ်ကြိမ်ကျသင့်မှု မရှိစေရေးအတွက် တင်သွင်းစဉ် ပေးဆောင်ရမည့် အခွန်နှင့် ပြန်လည်တင်ပို့စဉ် ပေးဆောင်ရမည့်အခွန်တို့၏ ခြားနားချက်ကောက်ခံသည့် အစီစဉ်ဖြင့် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

”ဒီစနစ်နဲ့ အရင်တုန်းကတော့ အဝင်မှာတစ်ကြိမ်၊ အထွက်မှာတစ်ကြိမ် ကောက် တယ်၊ တစ်ဖက်နိုင်ငံကို ပြန်ပို့တာဖြစ်လို့ နောက်ပိုင်းမှာ တစ်ကြိမ်ပဲကောက်တော့မယ်၊ ဒီစနစ်နဲ့အခွန်ကောက်တာ နိုင်ငံတော် ဘက်ကလည်း အခွန် ၄ ဒသမ ၅ ရာခိုင်နှုန်း ရတယ်၊ နောက်ဒီနိုင်ငံထဲက ကုန်သည်တွေ၊ ကားသမားတွေ၊ အလုပ်သမားတွေ အဆင့် ဆင့်အထိ အလုပ်အကိုင်ရစေတော့ နိုင်ငံတော်အတွက် အထိုက်အလျောက် အကျိုးရှိ စေတယ်”ဟု ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းကပြောသည်။

လက်ရှိအချိန်တွင်Re-export စနစ်ဖြင့် ကုန်သွယ်မှုပြုထားသည့် ကုန်ပစ္စည်း အမျိုးအစားပေါင်း ၂ဝ ကျော်ရှိနေကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.