Connect with us

Local

အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်ရန် စီစဉ်

ရန်ကုန်မြို့ရှိ အထည်ချုပ် စက်ရုံတစ်ရုံကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တစ်နေရာတည်း၌ အထည်အလိပ်ကုန်ချောများ စုဝေးထုတ်လုပ်နိုင်သော အထည်အလိပ်နှင့် အဝတ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အထူးဇုန်တည်ထောင်ပြီး ပြည်ပမှရင်းနှီးမြှုပ်နှံသူများ စက်မှုကဏ္ဍတွင် စိတ်ဝင်စားရင်းနှီးလာစေရန် ဖိတ်ခေါ်ခြင်း၊ လိုအပ်သောကုန်ကြမ်းများ စက် နှင့်စက်ပစ္စည်းများ တင်သွင်းခြင်း လုပ်ငန်းများ၊ ထုတ်ကုန်များ၏ အရည်အသွေးစစ် ဆေးနိုင်မည့် International Textile Laboratory တည်ထောင်ခြင်းတို့ကို ဆက်လက်ဆောင် ရွက်မည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၌ အသင်းဝင်လုပ်ငန်းကုမ္ပဏီ ပေါင်း ၃၈ဝ ရှိနေပြီး ၃ဝဝ နီးပါး မှာ ပြည်ပဈေး ကွက်အသီးသီးသို့ အထည် များချုပ်လုပ်တင်ပို့ပေး လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ အထည် ချုပ်လုပ်ငန်းများမှ ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာ နှစ်အတွက် မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များထံမှ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.