Connect with us

Local

အပြည်ပြည် ဆိုင်ရာ လေဆိပ်အချို့ကို အဆင့် မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက တစ်နှစ်လျှင် ခရီး သည် ၂၃ သန်းခန့်ထိ တိုးတက် လာနိုင်မည်မှန်း

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

လေကြောင်း ပို့ဆောင်ရေး ကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) ၏ သတ်မှတ်ချက် များနှင့် အညီ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ၊ ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်တို့ကို အဆင့် မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီး ပါက တစ်နှစ်လျှင် ခရီးသည် ၂၃ သန်း ခန့်ထိ တိုးတက်ကာ အဝင်အထွက် ပြုလာနိုင်မည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။

အဆင့် မြှင့်တင်မှုများ ပြုလုပ်နေသည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Pioneer Aerodrome Services Consortium ကုမ္ပဏီ နှင့် Concession Agreement ကို ယခုနှစ် ဇန်နဝါရီလ ၆ ရက်က လက်မှတ် ရေးထိုး ခဲ့ပြီး နှစ်နှစ် စီမံကိန်း အဖြစ် အဆင့် မြှင့်တင်ခြင်း ဖြစ်ကာ စီမံကိန်း ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း အထိ တိုးတက် လာနိုင်မည်ဟု သိရသည်။

အလားတူ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို Mitsubishi JALUX SPA Consortium ကုမ္ပဏီနှင့် Concession Agreement ကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က လက်မှတ် ရေးထိုး အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး စီမံကိန်း ပြီးစီးပါက တစ်နှစ်လျှင် ခရီးသည် ငါးသန်း၊ ကုန်စည်တန် ၈,ဝဝဝ ခန့်အထိ တိုးတက် အဝင်အထွက် ပြုလာနိုင်မည် ဖြစ်သကဲ့သို့ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်းကို JEC-Yangon CAI Consortium ကုမ္ပဏီနှင့် Concession Agreement ရေးထိုးနိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိပြီး စီမံကိန်းကို အဆင့် နှစ်ဆင့်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေး စီမံကိန်း ပထမအဆင့် ပြီးစီးလျှင် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းနှင့် ဒုတိယအဆင့် ပြီးစီးပါက ခရီးသည် သန်း ၃ဝ အထိ တိုးတက် အဝင်အထွက် ပြုလာနိုင်မည် ဖြစ်သကဲ့သို့ အဆိုပါ လေဆိပ်များ အားလုံးပြီးစီး ပါက တစ်နှစ်လျှင် ခရီးသည် ၂၃ သန်းခန့်အထိ တိုးတက် လာနိုင်မည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117