Connect with us

Local

ကျောက်ဖြူ အထူးစီးပွားရေးဇုန် ပင်မ စီမံကိန်း ဧရိယာ၌ ပါဝင်သော ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့သို့ လေကြောင်း ပြေးဆွဲမည်

မြန်မာ အမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်များ အား တွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် ပင်မ စီမံကိန်း ဧရိယာတွင် ပါဝင်နေသည့် ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့သို့ နိုင်ငံပိုင် မြန်မာ အမျိုးသား လေကြောင်းလိုင်း လေယာဉ်များ ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်း လိုင်းထံမှ သိရသည်။

ရေလမ်း ခရီးကိုသာ အဓိက အားထားနေရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ပါဝင်သည့် မာန်အောင်မြို့ အပြင် ကျောက်ဖြူမြို့နှင့် စစ်တွေ မြို့သို့လည်း ပျံသန်းသွားမည် ဖြစ်ပြီး
ရန်ကုန်-မာန်အောင်-ကျောက်ဖြူ-စစ်တွေ-ကျောက်ဖြူ-မာန်အောင်-ရန်ကုန် ခရီးကို ဒီဇင်ဘာလ ၂၅ ရက် အပတ်စဉ် (တနင်္လာနှင့် သောကြာနေ့) တွင် စတင် ပြေးဆွဲမည် ဖြစ်သည်။

မြန်မာ အမျိုးသား လေကြောင်းလိုင်း အနေဖြင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများရှိ ပြည်သူများ သွားလာရေး လွယ်ကူစေရန်နှင့် စင်းလုံးငှား ခရီးစဉ်များ ပြေးဆွဲပေးနိုင်ရန် အတွက် လေယာဉ်သစ်များ ပြည်ပမှ မှာယူခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်က ရန်ကုန် လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြန်မာ အမျိုးသား လေကြောင်း လိုင်းတွင် မူလက Caravan Ex လေယာဉ် နှစ်စင်းရှိရာ အသစ်မှာ ယူထားသည့် Caravan လေယာဉ်များ ဖြင့် ပြည်တွင်းရှိ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသများသို့ ပျံသန်း ပြေးဆွဲရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117