Connect with us

Local

ကမ္ဘာ့အကြီးဆုံး စာအုပ်အရောင်းပွဲတော် ရန်ကုန်မြို့၌ စတင်ကျင်းပ

ကမ္ဘာ့အကြီးဆုံး စာအုပ်အရောင်းပွဲတော်အားတွေ့ရစဉ် (ဓာတ်ပုံ- ကြေးမုံ)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

 ကမ္ဘာ့အကြီးဆုံး စာအုပ်အရောင်းပွဲတော် (The Big Bad Wolf) ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁၀ ရက်တွင် ရန်ကုန်မြို့ သာကေတမြို့နယ် Fortune Plaza ရှိ Myanmar Expo Hall ၌ ကျင်းပခဲ့ပြီး ၎င်းပွဲတော်ကို ဇန်နဝါရီ ၁၀ ရက်မှ ၂၀ ရက်အထိ ၁၁ ရက်တိုင်တိုင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စာအုပ်ချစ်သူများအနေဖြင့် အရောင်းရဆုံးစာအုပ်များ၊ ဂန္ထဝင်ဝတ္ထုများ၊ သိပ္ပံစိတ်ကူး ယဉ်ဝတ္ထု များ၊ အချစ်ဝတ္ထုများ၊ သုတစာပေများ၊ သရုပ်ပြစာအုပ်များ၊ စီးပွားရေး၊ တက်ကျမ်း၊ ဗိသုကာနှင့် ဟင်းချက်နည်းဆိုင်ရာ စာအုပ်များအပြင် အင်္ဂလိပ်ဘာသာနှင့် စာအုပ်ပေါင်း တစ်သန်းကျော်ကို မူရင်းဈေး၏ ၅၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ အထူးလျှော့ဈေးဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကလေးများအတွက် ပုံပြင်စာအုပ်များ၊ ဉာဏ်စမ်းစာအုပ်များ၊ ဆေးရောင်ခြယ် စာအုပ်များနှင့် ရုပ်ပြစာအုပ်များအပြင် အပြန်အလှန် လေ့ကျင့်သင်ကြားပေးနိုင်သည့် စာအုပ်များအပြင် အမျိုးအစားစုံလင်စွာ တစ်နေရာတည်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ စာအုပ်ချစ်သူများအတွက် အသစ်စက်စက် အင်္ဂလိပ်ဘာသာစာအုပ်ပေါင်း တစ်သန်းကျော်ကို ခင်းကျင်းပြသထားမည်ဖြစ်ကြောင်း စာအုပ်ရောင်းပွဲတော်ကြီး၌ မည်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ကြောင်းသိရသည်။

နိုင်ငံတကာအသီးသီး၌ လူသိများပြားသည့် ကမ္ဘာ့အကြီးဆုံး စာအုပ်အရောင်းပွဲတော်ကြီးကို မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့မှာတစ်ကြိမ်၊ မန္တလေးမြို့မှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဆက်တိုက် ပြုလုပ်ခဲ့ပြီး၍ ယခုပွဲတော်သည် ရန်ကုန်မြို့မှာကျင်းပသည့် တတိယအကြိမ်မြောက် စာအုပ်အရောင်းပွဲတော်ဖြစ်ကြောင်း အစိုးရထုတ်သတင်းအရသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.